UNODC မှ နိုင်ငံတကာအကြံပေးအရာရှိ Mr.K Raghavan နှင့် တွေ့ဆုံ၍ Training Needs Assessment အတွက် လိုအပ်သော သင်တန်းများ ပံ့ပိုးပေးနိုင်ရေး အတွက် တွေ့ဆုံဆွေးနွေးမှု

  • Fri, 25 August 2017

        အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးသန့်ဇော် ဦးဆောင် သော အဖွဲ့သည်UNODC မှ International Expert Mr.K.Raghavan အား ၂၄-၈-၂၀၁၇ ရက်နေ့မှ ၂၅-၈-၂၀၁၇ ရက်နေ့အထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ သင်တန်းခန်းမ ၌ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        တွေ့ဆုံဆွေးနွေးပွဲတွင် UNODC မှ နည်းပညာအကူအညီဖြစ်သော စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများဖွင့်လှစ်နိုင်ရန် Training Needs Assessment နှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်နိုင်ရေး မေးမြန်းရန် လိုအပ်သူများနှင့် ဆွေးနွေးခဲ့ပါသည်။