အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဦးစီးဌာနများ၏ ၂၀၂၂ ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

  • Wed, 1 February 2023

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဦးစီးဌာနများ၏ ၂၀၂၂ ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီလ ၁


      အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဦးစီးဌာနများ၏ ၂၀၂၂ ခုနှစ်၊ ဒုတိယ (၆) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့နေ့လယ် (၁) နာရီတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပရာ အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ 

        အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာ၌  ၂၀၂၂ ခုနှစ်၊ ဒုတိယ (၆) လပတ် ကာလအတွင်း ဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းများအပေါ် ပြန်လည် လေ့လာသုံးသပ်သည့် အစည်းအဝေးဖြစ်၍ အရေးကြီးပါ ကြောင်း၊ ချမှတ်ထားသည့် ရည်မှန်းချက်တာဝန်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေ၊ ကြုံတွေ့ရသည့်စိန်ခေါ်မှုများနှင့်  ၎င်းစိန်ခေါ်မှုများအပေါ် ကျော်ဖြတ်နိုင်မှု၊ အစုအဖွဲ့ဖြင့်ဆောင်ရွက်ရာတွင်လည်း ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့နှင့်စပ်လျဉ်း၍ သုံးသပ်ပြီး အတွေ့အကြုံများမှ သင်ခန်းစာယူ၍ နောင်ကာလများတွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များရေးဆွဲရာ၌ အကြံပြုတင်ပြမှသာ ပိုမိုကောင်းမွန်စွာ မူဝါဒချမှတ်ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အစုအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်ရာတွင် အပိုင်းလိုက်တာဝန်ကိုယ်စီထမ်းဆောင် ကြရသည်ဖြစ်၍ အပြန်အလှန် အထောက်အပံ့ပြုခြင်းဖြင့် အားလုံးပါဝင်ဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ နည်းပညာများ ပိုမိုတိုးတက်ခေတ်မီလာသည်နှင့်အမျှ ၎င်းနည်းပညာများကိုလည်း ထိရောက်စွာအကျိုးရှိရှိ အသုံးချရန်လိုအပ်ကြောင်း၊ လုပ်ဆောင်မှုတိုင်းကို မှတ်တမ်းထားရှိ၍ ပုံမှန်လေ့လာသုံးသပ်ခြင်းဖြင့် ရည်မှန်းချက် တာဝန်များကို ပိုမိုအောင်မြင်ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။    

     ထို့နောက် စီမံရေးရာဦးစီးဌာန၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာန၊ စုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ သက်ဆိုင်ရာညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနများအလိုက် ဒုတိယ(၆)လပတ်အတွင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ဆောင်ရွက်ပြီးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အားသာချက်၊ အားနည်းချက်များ၊ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ကော်မရှင်အနေဖြင့် ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်းပေးရန်ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ရာ ကော်မရှင်ဥက္ကဋ္ဌက ဦးစီးဌာနများ၏ ၂၀၂၂ ခုနှစ်၊ ဒုတိယ(၆)လပတ် လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ တင်ပြမှုများအပေါ်လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ