အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းများ မိတ်ဆုံနေ့လယ်စာစားပွဲကျင်းပ

  • Mon, 12 December 2022

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဝန်ထမ်းများ မိတ်ဆုံနေ့လယ်စာစားပွဲကျင်းပ


နေပြည်တော်၊ ဒီဇင်ဘာလ ၁၂ ရက်

    အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ မိတ်ဆုံနေ့လယ်စာစားပွဲကို ယနေ့မွန်းတည့် (၁၂:၀၀) နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စုပေါင်းစားရိပ်သာဆောင်၌ ကျင်းပသည်။

        နေ့လယ်စာစားပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေက မိတ်ဆုံစားပွဲကျင်းပခြင်းဖြင့် ကော်မရှင်ရုံးဝန်ထမ်းများအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လာမည်ဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ဖြစ်ထွန်းစေရန် ကြိုးပမ်းဆောင်ရွက်နေသည့် ဌာနဖြစ်သည့်အတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားရန်နှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဝန်ထမ်းများ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊  ကော်မရှင်အနေဖြင့် ဝန်ထမ်းများ အပေါ် ဆရာ၊ တပည့်၊ မိဘနှင့် သားသမီးကဲ့သို့ စောင့်ရှောက်ပေးလျက်ရှိကြောင်း၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်ပျော်ရွှင်မှုကို အလေးထားပါကြောင်း ပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ဝန်ထမ်းများနှင့်အတူ နေ့လယ်စာ အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်စပ် သတင်းများ