အသိပေးတင်ပြခြင်း

  • Thu, 20 August 2020

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၀ ရက်

ကုလသမဂ္ဂ ထူထောင်သည့် ၇၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် အနာဂတ်ကို စုပေါင်းရုပ်လုံးဖော်ရန် ရည်ရွယ်၍ တစ်ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရန် UN 75 Initiative ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့ပြီး ယနေ့အချိန်အထိ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း (၁၉၁) နိုင်ငံမှ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် အဆိုပါ UN 75 Initiative တွင် ပါဝင်နိုင်ရေးအတွက်အစိုးရနှင့်ပြည်သူများအကြား ယုံကြည်မှုတည်ဆောက်ရေးခေါင်းစဉ်ဖြင့် အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲကို ပြည်ထောင်စုဝန်ကြီးဌာန (၁၆) ခု၊ ပုဂ္ဂလိက အဖွဲ့အစည်း () ခု၊ အရပ်ဖက်လူမှုအဖွဲ့အစည်း ()ခုနှင့် လူငယ်အဖွဲ့အစည်း ()ခုတို့ဖြင့် ၂၆--၂၀၂၀ ရက်နေ့ (၁၀:၀၀) မှ (၁၃:၁၅) နာရီအထိ Zoom Meeting ကို အသုံးပြု၍ Video Conferencing စနစ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပါသည်။

အွန်လိုင်းစကားဝိုင်းဆွေးနွေးပွဲကို ပါဝင်ကြည့်ရှုရန် စိတ်ပါဝင်စားသူများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ တားဆီးကာကွယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အသိပညာပေး ရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန၊ publicrelations@accmmm.onmicrosoft.com နှင့် ဖုန်း၊ ၀၆၇-၈၁၀၃၃၄၃ သို့ အမည်၊ ဖုန်းနံပါတ်နှင့် Email လိပ်စာတို့အား ၂၄--၂၀၂၀ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ပါရန်နှင့် အမည်စာရင်းရသူ (၁၀၀)ဦးအား ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ဆက်စပ် သတင်းများ