အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း

  • Fri, 19 June 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်း


ရန်ကုန် ဇွန် ၁၈

အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်များနှင့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အထက် တန်းအဆင့် ရည်ညွှန်းစာစောင်များကို မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မြန် မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ လွှဲပြောင်းပေးအပ်ခြင်းကို ၁၈-၆-၂၀၂၀ ရက်နေ့ နေ့လည် ၀၁:၀၀ နာရီ၌ ရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး၌ ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်နှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မ ရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ  တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ရာ တွင် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းသည် အကောင်းဆုံး၊ အကျယ်ပြန့်ဆုံးနှင့် အထိ ရောက်ဆုံး ရေရှည်လုပ်ဆောင်ချက်ဖြစ်ကြောင်း၊ မည်သည့်ပြစ်မှုမဆို ဖြစ်ပွားလာမှ အရေးယူခြင်း ထက် မဖြစ်ခင် ကြိုတင်ကာကွယ်တားဆီးခြင်းက ပိုမိုအကျိုးများပါကြောင်း၊ ကြိုတင်ကာကွယ်တား ဆီးသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ကုန်ကျသည့်စရိတ်ထက် ပြစ်မှုဖြစ်ပွားပြီးနောက် နိုင်ငံ တော်က ကျခံရသည့်စရိတ်က ပိုမိုများပြားပါကြောင်း၊ ကော်မရှင်သည် အသိပညာပေးခြင်းလုပ်ငန်း များကို တစ်နိုင်ငံလုံးပျံ့နှံ့စေရန်အတွက် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲများကို ၂၀၁၉ ခုနှစ်တွင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ 

ထို့အပြင် လူငယ်တို့၏ ယုံကြည်ချက်ခိုင်မာရန်လိုအပ်ပြီး အဂတိလိုက်စားမှုကို ဆန့်ကျင် သော နိုင်ငံသားများဖြစ်လာစေရန် လူငယ်ဘဝတွင် မှန်ကန်သောအတွေးများ စဉ်းစားတွေးခေါ်နိုင် ရန် လေ့ကျင့်ပေးရမည်ဖြစ်သည့်အတွက် ၂၀၁၉ ခုနှစ်တွင် တက္ကသိုလ်အဆင့် ကျောင်းသားလူငယ် များအတွက် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး လူငယ်စခန်းများကို နေပြည်တော်နှင့် မန္တလေး တို့တွင် ပြုလုပ်ပေးခဲ့ကြောင်း၊ ထိုကဲ့သို့ အပြုအမူကောင်းများ ရည်ရွယ်ချက်ကောင်းများ ကလေး ဘဝကပင် ဖော်ဆောင်ပေးရန်လိုအပ်သဖြင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးအစီအစဉ်အား အခြေခံပညာမူလတန်းအဆင့်မှ စတင်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ရာ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် မူလတန်းအဆင့် ဆရာကိုင်စာအုပ် များကို ၂၀၁၈ ခုနှစ်တွင်လည်းကောင်း၊ အလယ်တန်းအဆင့် ဆရာကိုင်စာအုပ်များကို ၂၀၁၉ ခုနှစ်တွင်လည်းကောင်း ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အထက်တန်းအဆင့် ရည်ညွှန်းစာစောင်နှင့် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များကို ပုံနှိပ်ထုတ်ဝေပြီးဖြစ်ကြောင်း၊ မကြာခင်လည်း ဆက်လက်လွှဲပြောင်းပေးအပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ 

ယခုလှုဒါန်းမည့်စာစောင်များမှာ  ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အခြေခံပညာအထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ် အဆင့် ရည်ညွှန်းစာစောင်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာ စောင်တို့ ဖြစ်ကြောင်း၊ ယင်းရည်ညွှန်းစာစောင်များသည် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင် ရာရုံး (United Nations Office on Drugs and Crime-UNODC)၏ အစီအစဉ်ဖြင့် ကမ္ဘာတစ်လွှားမှ တက္ကသိုလ်အဆင့် ကျွမ်းကျင်ပညာရှင်များက ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ၏ လက်ရှိပကတိ ဖြစ်ပေါ်နေမှုများကို သုံးသပ်၍ စနစ်တကျရေးသားပြုစုထားသောစာစောင်များ ဖြစ်ကြောင်းနှင့် ရည်ညွှန်းစာစောင်များကို ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဘာသာပြန် ဖြန့်ဝေရခြင်း၏ ရည်ရွယ်ချက်များကို ဆက်လက်ပြောကြားခဲ့ပါသည်။ 

ယခုရည်ညွှန်းစာစောင်များကို သတင်းမီဒီယာကောင်စီမှတစ်ဆင့် ကောင်စီနှင့် ဆက်စပ်နေ သည့်အဖွဲ့အစည်းများ၊ ကောင်စီဝင်များသို့ ဖြန့်ဝေခြင်းအားဖြင့် ယင်းအဖွဲ့အစည်းများ၊ မီဒီယာများမှတစ်ဆင့် လူထုကြားသို့ အသိပညာဖြန့်ဝေမှုများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရာ၌ ကိုးကားအသုံးပြုနိုင်ရန် ရည်ရွယ်ပြီး ယခုရည်ညွန်းစာစောင်များကို လာရောက်လှူဒါန်းခြင်း ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းကြိုင်က မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီသည် ၂၀၁၄ ခုနှစ်တွင် ပြဌာန်းခဲ့သည့် သတင်းမီဒီယာကောင်စီဥပဒေအရ ဖွဲ့စည်းခဲ့သည့် အဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံအတွင်းရှိ စာနယ်ဇင်းသမားများ၏ အခွင့်အရေးများ၊ အငြင်းပွားမှု များကို ဖြေရှင်းပေးနေသည့် တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ကြောင်း၊ စတုတ္ထမဏ္ဍိုင်အဖြစ် ကျန်မဏ္ဍိုင်ကြီးသုံးရပ်ကို တည့်မတ်နိုင်အောင် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ နေပြည်တော်တွင် မဏ္ဍိုင်(၄)ရပ်တွေ့ဆုံပွဲကို နှစ်စဉ်ပြုလုပ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများ တွင်လည်း ပြုလုပ်ကြောင်း၊ ယခုလွှဲပြောင်းလာသည့် စာစောင်များသည် မိမိတို့ကောင်စီအတွက် အသုံးဝင်ပြီး ကျန်မီဒီယာများအတွက်လည်း အသုံးဝင်မှာဖြစ်ကြောင်း၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်သည် ပြည်သူနှင့်လက်တွဲပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဆောင်ရွက် လျှက်ရှိရာ မြန်မာနိုင်ငံသတင်းကောင်စီသည်လည်း နိုင်ငံအကျိုးပြုဆောင်ရွက်နေခြင်းဖြစ်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။  

ထို့နောက် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းမှ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသို့ ဖြောင့် မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် အထက်တန်းအဆင့် ရည်ညွှန်းစာစောင်၊ ဖြောင့်မတ်တည်ကြည်မှုနှင့်ကျင့်ဝတ် တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်(၃၀)စုံကို လွှဲပြောင်းပေးအပ်ရာ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဟံသာဝတီ ဦးအုန်းကြိုင်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန် လည်ပေးအပ်ကာ အခမ်းအနားအား (၁၃၃၀)အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။


ဆက်စပ် သတင်းများ