ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ အမေရိကန်သံရုံးမှ First Secretary ဖြစ်သူ Mr. Ryan McKean ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

  • Wed, 11 March 2020

ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ အမေရိကန်သံရုံးမှ  First Secretary ဖြစ်သူ Mr. Ryan McKean ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ


နေပြည်တော်၊ မတ်လ ၁၁


အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူးဦးစန်းဝင်း ဦးဆောင်သောအဖွဲ့သည် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးမှ Law Enforcement and Security Unit Chief and First Secretary ဖြစ်သူ Mr. Ryan McKean ဦးဆောင်သောအဖွဲ့အား ကော်မရှင်ရုံး ဧည့်ခန်းမတွင် ယနေ့ နေ့လည် (၁၄:၃၀) နာရီအချိန်၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးရာတွင် ကော်မရှင်မှ ဆောင်ရွက်လျက်ရှိသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းများတွင် နည်းပညာ အကူအညီပေးရေး ကိစ္စရပ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။


တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါသည်။

ဆက်စပ် သတင်းများ