အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းသို့ တက်ရောက်ခြင်း

  • Mon, 2 September 2019

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၊ ကိုရီးယားသမ္မတနိုင်ငံ၌ ကျင်းပမည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းသို့ တက်ရောက်ခြင်း


နေပြည်တော်၊ စက်တင်ဘာလ  ၂  ရက်


ကိုရီးယားသမ္မတနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် ပြည်သူ့အခွင့်အရေးကော်မရှင် (Anti-Corruption and Civil Rights Commission – အေစီအာရ်စီ)၏ ဖိတ်ကြားချက်အရ ကိုရီးယားနိုင်ငံတွင်  ၂-၉-၂၀၁၉ ရက်နေ့မှ ၆-၉-၂၀၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းသို့တက်ရောက်ရန် မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင် ဦးခင်မောင်မြင့် ဦးဆောင်ပြီး ကော်မရှင်ရုံးမှ အရာထမ်း(၁၄)ဦးပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသည်။

အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းအစီအစဉ်ကို အေစီအာရ်စီ၏ရုံးစိုက်ရာ Sejong မြို့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး သင်တန်းကျောင်းတည်ရှိရာ Cheongju မြို့များတွင် ဆောင်ရွက်မည်ဖြစ်သည်။

 

ကိုရီးယားနိုင်ငံ အေစီအာရ်စီနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့အကြား ၂၀၁၈ ခုနှစ်၊ မေလက လက်မှတ်ရေးထိုးချုပ်ဆိုထားသော နားလည်မှုစာလွှာပါ သတ်မှတ်ချက်များနှင့်အညီ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးတိုးမြှင့်ပူးပေါင်း ဆောင်ရွက်ကြရန်အတွက် ယခုအစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များနှင့် အဂတိလိုက်စားမှု၏ သက်ရောက်မှုအပေါ် အကဲဖြတ်ဆန်းစစ်ခြင်း၊ သတင်းပေးတိုင်ကြားသူများအား အကာအကွယ်ပေးခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာအကြပ်အတည်းများအပေါ် ဆွေးနွေးခြင်း စသည့်ဘာသာရပ်များနှင့်စပ်လျဉ်း၍ ကိုရီးယားနိုင်ငံ၏ အတွေ့အကြုံနှင့် နည်းပညာများကိုပို့ချပြီး နှစ်ဖက်အဖွဲ့အစည်းများအကြား အမြင်ချင်းဖလှယ်ကြရန် ဖြစ်သည်။

 

အစီအစဉ်ကာလအတွင်း အေစီအာရ်စီနှင့် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်တို့အကြား နှစ်ဖက်ကျွမ်းကျင်မှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့်ရေးအတွက် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ဆက်စပ် သတင်းများ