အရည်အချင်းစစ်စာမေးပွဲများ ကျင်းပမည့်နေ့ရက် အသိပေးကြေညာခြင်း

  • Thu, 22 August 2019

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးအနေဖြင့် ၂၉-၇-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကော်မရှင်ရုံး၌ လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ပါသည်-

(က)   ဒုတိယစုံစမ်းရေးမှူး                       ၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ               (၂၅) နေရာ

(ခ) လက်ထောက်စုံစမ်းရေးမှူး                 ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ               (၃၀) နေရာ

(ဂ)   ဒုတိယလက်ထောက်ဦးစီးမှူး            ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ                (၈၀) နေရာ

အဆိုပါ ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲအား အောက်ပါအတိုင်း ဆောင်ရွက် သွားပါမည်-

(က)   ဒုတိယစုံစမ်းရေးမှူး ရာထူး

(၁)    ဖြေဆိုမည့်နေ့ရက်     -   ၂၁-၉-၂၀၁၉ (စနေနေ့)

(၂)     ဖြေဆိုမည့်အချိန်       -   ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ (မြန်မာစာ)

                                                       -   ၁၂:၀၀ နာရီမှ ၁၄:၀၀ နာရီထိ (အင်္ဂလိပ်စာ)

                                                       -   ၁၄:၃၀ နာရီမှ ၁၆:၃၀ နာရီထိ(အထွေထွေဗဟုသုတ)

(ခ)  လက်ထောက်စုံစမ်းရေးမှူး/ဒုတိယလက်ထောက်ဦးစီးမှူးရာထူး

(၁)    ဖြေဆိုမည့်နေ့ရက်     -   ၂၂-၉-၂၀၁၉ (တနင်္ဂနွေနေ့)

(၂)     ဖြေဆိုမည့်အချိန်       -   ၀၉:၀၀ နာရီမှ ၁၁:၀၀ နာရီထိ (အင်္ဂလိပ်စာ)

                                                       -   ၁၂:၀၀ နာရီမှ ၁၄:၀၀ နာရီထိ(အထွေထွေဗဟုသုတ)

(ဂ)  ဖြေဆိုမည့်နေရာ။       နေပြည်တော်၊ ရန်ကုန်မြို့၊ မန္တလေးမြို့ (မိမိဖြေဆိုရန် ဆန္ဒပြုလျှောက်ထားသည့်မြို့တွင် ဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုမည့်နေရာအား စာမေးပွဲဖြေဆိုခွင့်ကတ် ထုတ်ပေးချိန်တွင် ကြော်ငြာထားပါမည်။)

(ဃ)   ဖြေဆိုခွင့်ကတ် ထုတ်ပေးမည့်ရက်။         ၁၈-၉-၂၀၁၉ ရက်နေ့မှ ၂၀-၉-၂၀၁၉ ရက် နေ့ထိ မိမိဖြေဆိုရန် လျှောက်ထားသည့်မြို့ရှိ ရုံး၊ ရုံးခွဲများတွင် ရုံးချိန်အတွင်း လာရောက်ထုတ်ယူရမည်။ (နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့်အတူ ကာယကံရှင် ကိုယ်တိုင်လာရောက်ထုတ်ယူရမည်။)

အသေးစိတ်သိရှိလိုပါက နေပြည်တော်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ စီမံရေးရာဦးစီးဌာန၊ အုပ်ချုပ်မှုဌာန၊ တယ်လီဖုန်းအမှတ်၊ ၀၆၇-၈၁၀၃၂၇၂ သို့ဖြစ်စေ၊ ကော်မရှင် ရုံးခွဲ(ရန်ကုန်)၏ တယ်လီဖုန်းအမှတ်၊ ၀၁-၅၃၂၆၀၇ သို့ဖြစ်စေ၊ ကော်မရှင်ရုံးခွဲ(မန္တလေး)၏ တယ်လီဖုန်းအမှတ်၊ ၀၂-၄၀၅၆၀၇၉ သို့ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။

ဆက်စပ် သတင်းများ