မြန်မာနိုင်ငံ၏အဂတိလိုက်စားမှုဆိုင်ရာသဘောထားအမြင်အညွှန်းကိန်း၂၀၁၇

  • Thu, 22 February 2018

အပြည်ပြည်ဆိုင်ရာပွင့်လင်းမြင်သာမှုအဖွဲ့( Transparency International-TI ) ဟာ ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ တစ်နှစ်တာအတွင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆောင်ရွက်ချက်၊ လူမှုရေး၊ စီးပွားရေး၊ ဒီမိုကရေစီအရေး ဆောင်ရွက်ချက်တွေကို  လေ့လာပြီး နှစ်တစ်နှစ် ကုန်ဆုံးချိန်မှာအဂတိလိုက်စားမှုဆိုင်ရာသဘောထားအမြင်အညွှန်းကိန်း(Corruption Perception Index-CPI)ကို ထုတ်ပြန်ပါတယ်.......

ယခုလည်း ၂၀၁၇ ခုနှစ်အတွက် CPI အညွှန်းကိန်းကို TI က ၂၁-၂-၂၀၁၈ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါပြီ။

၂၀၁၇ ခုနှစ်အတွက် မြန်မာနိုင်ငံရဲ့ စုစုပေါင်းရမှတ်က ၃၀ ဖြစ်ပြီး အညွှန်းကိန်းကတော့ နိုင်ငံ ၁၈၀ မှာ အဆင့် ၁၃၀ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကာလအတွင်း မြန်မာနိုင်ငံရဲ့ အညွှန်းကိန်းတွေကို ဇယားနဲ့ ဖော်ပြထားပါတယ်။ အသေးစိတ်လေ့လာချင်သူတွေက အောက်ပါ Link မှာ ဝင်ရောက်ကြည့်ရှု နိုင်ပါတယ်……

https://www.transparency.org/news/feature/corruption_perceptions_index_2017

CPI အညွှန်းကိန်းနည်းလေ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ ပိုကောင်းလေ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အညွှန်းကိန်း ၁၇၆ ရှိတာကနေ ၂၀၁၇ ခုနှစ်မှာ အညွန်းကိန်း ၁၃၀ ကို ရောက်ရှိလာလို့ မြန်မာနိုင်ငံရဲ့ CPI အညွှန်းကိန်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်လာတာကို တွေ့ရှိရမှာပါ………..

CPI အညွှန်းကိန်းပိုမိုကောင်းမွန်လာသော်လည်း ကော်မရှင်အနေနဲ့ ဆောင်ရွက်ရမယ့် အချက်တွေ အများကြီး ရှိနေပါသေးတယ်။ အဂတိလိုက်စားမှုလျော့ပါးဖို့ဆိုတာ တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုထဲက ဆောင်ရွက် လို့ရတာမဟုတ်ဘဲ အားလုံး ဝိုင်း၀န်းပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်နိုင်မှာဖြစ်လို့ ပြည်သူလူထုတစ်ရပ်လုံးကလည်း ကော်မရှင်နဲ့အတူ အဂတိလိုက်စားမှု မှန်သမျှကို လုံးဝသည်းမခံ၊ လျှစ်လျူမရှု၊ ခွင့်မလွှတ်ဘူးဆိုတဲ့ သဘောထားခံယူချက်နဲ့ ဝိုင်း၀န်း ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်……..

၂၀၁၀ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုအညွှန်းကိန်းအခြေပြဇယား

စဉ်

ခုနှစ်

အညွှန်းကိန်းအဆင့်

နိုင်ငံပေါင်း

၂၀၁၀

၁၇၆

၁၇၈

၂၀၁၁

၁၈၀

၁၈၃

၂၀၁၂

၁၇၂

၁၇၆

၂၀၁၃

၁၅၇

၁၇၇

၂၀၁၄

၁၅၆

၁၇၅

၂၀၁၅

၁၄၇

၁၆၈

၂၀၁၆

၁၃၆

၁၇၆

၂၀၁၇

၁၃၀

၁၈၀

 

ဆက်စပ် သတင်းများ