စုပေါင်းဆင်နွှဲ ထမနဲထိုးပွဲ

  • Wed, 31 January 2018

          ၁၃၇၉ ခုနှစ်၊ တပို့တွဲလပြည့်နေ့ သြဝါဒပါတိမောက်အခါတော်နေ့ (၃၁-၁-၂၀၁၈) နံနက်(၈) နာရီတွင် ကော်မရှင်ရုံးဝန်ထမ်းများ၏ စုပေါင်းထမနဲထိုးပွဲကို ကော်မရှင်ရုံး စုပေါင်းခန်းမမှာ ပြုလုပ် ခဲ့ပါတယ်၊ ထမဲနဲထိုးပွဲသို့ ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူးနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး နံနက်(၉)နာရီမှာ  လက်ဖက်ရည်နှင့်ထမနဲကို ဝန်ထမ်း များနှင့်အတူ ပျော်ပျော်ပါးပါးသုံးဆောင်ခဲ့ပါတယ်၊  ထမဲနဲပွဲအတွက် ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁၂)ဦးက အလှူဒါနပြုလုပ်ခဲ့တာပါ၊ ထမနဲဒယ်(၆)ဒယ်ထိုးပြီး ရုံးအနီး ဘုန်းကြီးကျောင်းများသို့ လည်း ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။

          ရာသီစာထမနဲကို ဝန်ထမ်းတွေအတွက် အလှူဒါနပြုလုပ်ပေးပါသော ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေရန် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့်ဝန်ထမ်းများက ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျား။

ဆက်စပ် သတင်းများ