အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ

  • Thu, 26 January 2023

အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချ


နေပြည်တော် ၊ ဇန်နဝါရီလ  ၂၆   ရက်

   

 အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်း၍ ၂၆-၁-၂၀၂၃ ရက်နေ့တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၌ ဖွဲ့စည်းထားရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)အား အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ နည်းပညာသင်တန်းပို့ချခဲ့ရာ သင်တန်းတွင် ကော်မရှင်ဥက္ကဋ္ဌဦးသန်းဆွေက အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းသည် ကော်မရှင်တစ်ခုတည်းဖြင့် ဆောင်ရွက်၍မရဘဲ ကဏ္ဍစုံမှ ပူးပေါင်းဆောင်ရွက်မှသာ ပိုမိုထိရောက်အောင်မြင်နိုင်မည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု အခွင့်အလမ်းများကို တားဆီးရန် ဌာန၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လေ့လာဆန်းစစ်၍ အားနည်းချက်များရှိပါက ဖော်ထုတ်ပြုပြင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ အဂတိလိုက်စားမှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ရပါက နိုင်ငံတော်အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးစေပါကြောင်း၊ အများပြည်သူဝန်ဆောင်မှု လုပ်ငန်းများတွင် အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme-PFP) အသုံးပြုခြင်းဖြင့် အများပြည်သူ၏အကြံပြုချက်များ ရယူ၍ အားနည်းချက်များ ပြုပြင်သွားပါက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ နိုင်ငံတကာရေးရာနှင့် တားဆီးကာကွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးက CPU ၏ လုပ်ငန်းတာဝန်များ၊ တည်မြဲလုပ်ထုံးလုပ်နည်း (Standing Operating Procedure - SOP) ၊ လုပ်ငန်းလမ်းညွှန် (Terms of Reference-TOR) ရေးဆွဲခြင်း၊ အဂတိလိုက်စားနိုင်ခြေအန္တရာယ်ရှိမှု ဆန်းစစ်လေ့လာခြင်း (Corruption Risk Assessment - CRA)  အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Programme - PFP) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး PFP အသုံးပြုဆောင်ရွက်နိုင်ရေး လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ ကြပါသည်။

ဆက်စပ် သတင်းများ