မြန်မာနိုင်ငံအခြေစိုက် ဒိန်းမတ်သံရုံး၏ ကူညီပံ့ပိုးမှု၊ (UNODC) ၏ နည်းပညာအကူအညီဖြင့် စီးပွားရေးလုပ်ငန်း နယ်ပယ်၌ စစ်တမ်းကောက်ယူနိုင်ရေး နှင့်စပ်လျဉ်း၍ လိုအပ်သည့် IT ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း

  • Mon, 7 December 2020

မြန်မာနိုင်ငံအခြေစိုက် ဒိန်းမတ်သံရုံး၏ ကူညီပံ့ပိုးမှု၊ (UNODC) ၏ နည်းပညာအကူအညီဖြင့် စီးပွားရေးလုပ်ငန်း နယ်ပယ်၌ စစ်တမ်းကောက်ယူနိုင်ရေး နှင့်စပ်လျဉ်း၍ လိုအပ်သည့် IT ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကျင်းပခြင်း


၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၇ 

မြန်မာနိုင်ငံအခြေစိုက် ဒိန်းမတ်သံရုံး၏ ကူညီပံ့ပိုးမှု၊ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှု ဆိုင်ရာရုံး (UNODC) ၏ နည်းပညာအကူအညီဖြင့် စီးပွားရေးလုပ်ငန်းနယ်ပယ်၌ စစ်တမ်းကောက်ယူ နိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့် IT ပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ၇-၁၂-၂၀၂၀ ရက်နေ့၊ ၁၆:၀၀ နာရီအချိန်တွင် Virtual Format ဖြင့် ကျင်းပပြုလုပ်ပါသည်။

အခမ်းအနားတွင် ကော်မရှင် ခေတ္တဥက္ကဋ္ဌ ဦးစန်းဝင်းက ကော်မရှင်က နှစ်စဉ်ကောက်ယူသည့် စစ်တမ်းမှတစ်ဆင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ယခုလွှဲပြောင်းပေးအပ်သည့် IT ပစ္စည်းများကို ကော်မရှင်၏ အဂတိလိုက်စား မှုတိုက်ဖျက်ရေးလုပ်ငန်းများတွင် ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေး၍ အဖွင့်အမှာစကားပြောကြားပါသည်။

ဆက်လက်၍ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး Mr. John Nielsen က အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ စစ်တမ်းကောက်ယူရေးဆိုင်ရာကိစ္စရပ်များတွင် လိုအပ်သည်များ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးပါသည်။

UNODC မှ Country Manager Mr. Benedikt Hofmann က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် နှင့်် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ အကူအညီပေးအပ် ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပါသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းနယ်ပယ်၌ စစ်တမ်းကောက်ယူနိုင်ရေးနှင့်စပ်လျဉ်း၍ လိုအပ်သည့် IT ပစ္စည်းများကို မြန်မာနိုင်ငံ အခြေစိုက် ဒိန်းမတ်သံရုံးနှင့် UNODC တို့မှ ကော်မရှင်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင် ရုံး၊ စီမံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပါ သည်။

ဆက်စပ် သတင်းများ