အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် သတ္တမအကြိမ်ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကျင်းပခြင်း

  • Sat, 28 November 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် သတ္တမအကြိမ်ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့်အခမ်းအနားကျင်းပခြင်း


         အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၏ ဗုဒ္ဓါဘိသေက အနေကဇာ တင်နှင့် သတ္တမ အကြိမ်ဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းသည့် အခမ်းအနားကို ရုံးအမှတ်(၅၆)၊ ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်ရှိ ကော်မရှင်ရုံးစုပေါင်းခန်းမတွင် ယနေ့နံနက် (၀၅:၀၀)နာရီ ၌ ကျင်းပခဲ့ပါသည်။
    အခမ်းအနားတွင် ဇမ္ဗူသီရိမြို့နယ်၊ သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာဓမ္မရိပ်သာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဂန္ဓမာလာနှင့် သံဃာတော်များအား ပင့်ဆောင်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ သံဃာတော်များအား အာရုဏ်ဆွမ်းကပ်လှူခြင်း၊ ကိုးပါးသီလခံယူ ဆော က်တည်ခြင်း၊ ကော်မရှင်ဥက္ကဋ္ဌနှင့် ဇနီးမှ ကထိန်ဉာတ်သင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ ကော်မရှင် အတွင်းရေးမှူး၊ အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်းများမှ သင်္ကန်းနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော် အရှင်သူမြတ်တို့ထံမှ ပရိတ်တရားတော်များနာကြားခြင်း၊ ကထိန်အနုမောဒနာတရားနာကြားခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်း တို့ကို COVID-19 ရောဂါ တားဆီးကာကွယ်ရေးညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။

    အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များနှင့် မိသားစုများ၊ ကော်မရှင်ရုံးဦးစီးဌာန (၂)ခုမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများတက်ရောက်ခဲ့ကြပါသည်။

ဆက်စပ် သတင်းများ