အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) တို့ ပူးပေါင်းပြီး Risk Assessment and Public Procurement အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးအောင်ကြည်ပြောကြားသည့် အဖွင့်အမှာစကား

  • Wed, 20 June 2018

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC) တို့ ပူးပေါင်းပြီး Risk Assessment and Public Procurement အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဉက္ကဋ္ဌ ဦးအောင်ကြည်ပြောကြားသည့် အဖွင့်အမှာစကား


        ကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူ့ဘဏ္ဍာရန်ပုံငွေ၏ အသုံးစရိတ်များတွင် ဝယ်ယူရေး လုပ်ငန်းများသည် ကြီးမားသော အချိုးအစားရှိသည့်အပြင် ဤနေရာသည် ဌာနဆိုင်ရာဝန်ထမ်း အကြီးအမှူးများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အပြန်အလှန်ထိတွေ့ ချိတ်ဆက်မိနိုင်သော နေရာဖြစ်သဖြင့် အဂတိလိုက်စားမှုဖြစ်နိုင်ခြေ ဘေးအန္တရာယ် အများဆုံးရှိသည့်နေရာဖြစ်ကြောင်း၊ OECD ၏ ၂၀၁၃ ခုနှစ် ထုတ်ပြန်ချက်အရ ကမ္ဘာ့နိုင်ငံများတွင် အစိုးရ၏ ဝယ်ယူဖြည့်တင်းရေးလုပ်ငန်း(Procurement) အတွက် သုံးစွဲငွေများ၏ ၂၀%မှ ၂၅% သည် အဂတိ လိုက်စားမှုကြောင့် လေ့လွင့်ဆုံးရှုံးသွားကြရသည်ဟု ဖော်ပြထားကြောင်း၊ မိမိတို့နိုင်ငံတွင် အဂတိလိုက်စားမှုကြောင့် လေ့လွင့်ဆုံးရှုံးမှုသည် အဆိုပါ ပျမ်းမျှရာခိုင်နှုန်းထက်ပင် များစွာပိုမိုနိုင်ကြောင်း၊ မကြာမီတွင် ပြည်သူ့ ဘဏ္ဍာရန်ပုံငွေများကို စည်းမျဉ်း၊ စည်းကမ်းဖောက်ဖျက်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးရမှုများ မဖြစ်ပေါ်စေရန် တားဆီးကာကွယ်ရေးမှာ ကော်မရှင်၏ လုပ်ငန်းတာဝန်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လိုအပ်သည့် ကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာများကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် UNODC ၏ နည်းပညာအကူအညီဖြင့် ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း၊ သို့သော် နိုင်ငံတော်အတွက် အလွန်အရေးပါသည့် အဆိုပါ လုပ်ငန်းကို ကော်မရှင်တစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ အစိုးရ၏ ဝယ်ယူဖြည့်တင်းရေးလုပ်ငန်း များတွင် ဦးစီးဦးဆောင်ပြုလုပ်နေသည့် တာဝန်ရှိသူများက မိမိတို့တာဝန်ယူရသောအခန်းကဏ္ဍအလိုက် အဂတိ လိုက်စားမှု မဖြစ်စေရေး ကိုယ်တိုင်က ရိုးသားဖြောင့်မတ်မှုနှင့် တာဝန်ယူမှုရှိရန်က ပို၍အရေးကြီးပါကြောင်း၊ ထို့ကြောင့် မိမိတို့က စောင့်ကြည့်လေ့လာမှုများပြုလုပ်ရန်၊ ဆန်းစစ်သုံးသပ်ရန်နှင့် စုံစမ်းစစ်ဆေးရေး ကျွမ်းကျင်မှုများ ဖြည့်ဆည်းပေးရန်တို့အတွက် ဆွေးနွေးနေကြခြင်းသည် တစ်နည်းအားဖြင့် ဝယ်ယူရေးလုပ်ငန်းများ၌ အဂတိလိုက်စားမှု ဖြစ်နိုင်ခြေများ လျော့နည်းကျဆင်းလာစေရန် တားဆီးကာကွယ်မှု ပြုလုပ်နေခြင်းလည်း ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။


ဆက်စပ် သတင်းများ