ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လေ့လာရေးအဖွဲ့ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီပြည်နယ်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး

  • Sun, 19 January 2020

ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လေ့လာရေးအဖွဲ့ အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီပြည်နယ်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေး



၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ  ၁၉ ရက်


ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သည့် ပြည်ထောင်စုတရားလွှတ်တော်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့မှ ကိုယ်စားလှယ်များ၊ မီဒီယာနှင့် အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်သော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လေ့လာရေးအဖွဲ့သည် အမေရိကန်ပြည်ထောင်စု၊ ဟာဝိုင်ရီပြည်နယ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်ဆက်စပ်သော လုပ်ငန်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ လေ့လာဆွေးနွေးခဲ့သည်။

 

အဆိုပါ လေ့လာရေးအဖွဲ့သည် ပြည်နယ်ဆီးနိတ်လွှတ်တော်အမတ်များ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဒုတိယရှေ့နေချုပ်၊ ပြည်နယ်ခုံသမာဓိလူကြီး (Ombudsman)၊ ပြည်နယ်ကျင့်ဝတ်ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအပြင် အမေရိကန်ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရိုတို့မှ တာဝန်ရှိသူများ၊ Civil Beat အွန်လိုင်းသတင်းမီဒီယာအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။


ဖက်ဒရယ်ပြည်ထောင်စုနှင့် ပြည်နယ်တာဝန်ရှိသူများက ၎င်းတို့၏ ဖက်ဒရယ်အုပ်ချုပ်ရေး စနစ်အရ လုပ်ငန်းတာဝန်များခွဲဝေ၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်း ဆောင်ရွက်နေကြပုံများ၊ ကျင့်သုံးလျက်ရှိသော နည်းပညာနှင့် နည်းစနစ်များ၊ လုပ်ငန်းစဉ်များကို အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အတွေ့အကြုံနှင့် အမြင်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။





ဆက်စပ် သတင်းများ