ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်(အလယ်တန်းအဆင့်) ဆရာကိုင်စာအုပ် ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခြင်း

  • Mon, 29 July 2019

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ်(အလယ်တန်းအဆင့်)  ဆရာကိုင်စာအုပ် ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်ခြင်း


နေပြည်တော်၊ ဇူလိုင် ၂၉ ရက်

**************************

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ "ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်" (အခြေခံပညာအလယ်တန်းအဆင့်) ဆရာကိုင်စာအုပ်များအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) စုဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC) Programme Manager Mr.Marie Pegie Cauchois၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ကော်မရှင်ရုံးနှင့် ပညာရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်း (၂၈၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆရာကိုင်စာအုပ်(၄၀၀၀၀)အုပ်အား ပညာရေးဝန်ကြီးသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ကော်မရှင်ဥက္ကဋ္ဌသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပညာရေးမှူးများသို့ ဆရာကိုင်စာအုပ်များကို ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့ပါသည်။