လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ (၁)ဦး၊ ဒု-လူဝင်မှုကြီးကြပ်ရေမှူး (၂)ဦး၊ လ/ထ လူဝင်မှုကြီးကြပ်ရေးမှူး (၄)ဦးနှင့် ဒေါ်မာရှောက်ဆန်း တို့အပေါ် အမှုဖွင့်လှစ်အရေးယူ

  • Wed, 12 June 2019

နေပြည်တော် ဇွန်လ(၁၂)ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ လားရှိုးမြို့နယ်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန(လ.ဝ.က)ရုံးမှ မြို့နယ်ဦးစီးမှူး တိုက်နယ်မှူးများသည် နိုင်ငံသား စိစစ် ရေးကတ်ပြုလုပ်ခြင်း၊ အိမ်ထောင်စုဇယားပြုလုပ်ခြင်းနှင့် မွေး/တိုး စာရင်းပြုလုပ်ခြင်း တို့အပေါ် ငွေကြေးတောင်းခံရယူ ဆောင်ရွက်ပေးနေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၍ စစ်ဆေး ခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်းသည် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်၊ မွေး/တိုးပြုလုပ်ရန်နှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် စုစုပေါင်းငွေကျပ်(၁၂)သိန်း (၈)သောင်းကိုလည်းကောင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး ဒေါ်ကြည်ကြည်ညွန့်သည် နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ်ရန်အတွက် ငွေကျပ် (၁၀)သိန်းကိုလည်းကောင်း၊ ဒုတိယ လူဝင်မှု ကြီးကြပ်ရေးမှူး ဦးရန်ဝင်းအောင်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား လဲလှယ်ရန်အတွက် ငွေကျပ် (၁၅)သိန်းကိုလည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဦးထက်ဝင့်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ် ရန်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရန်တို့အတွက် ငွေကျပ် (၂၁)သိန်းနှင့် အကျိုးဆောင် အဖြစ် ဆောင်ရွက်သူ ဒေါ်မာရှောက်ဆန်းထံမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀)ခု ပြုလုပ် ပေးခြင်း အတွက် ငွေကျပ်(၅)သိန်းနှင့် မွေး/တိုးပြုလုပ်ခြင်းအတွက် ငွေကျပ်(၆.၈)သိန်းတို့ကို လည်းကောင်း၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်အိအိမွန်အောင်သည် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့ အတွက်ငွေကျပ်(၁၄)သိန်း၊ မွေး/တိုးပြုလုပ်ခြင်းအတွက်ငွေကျပ်(၂)သိန်းတို့ကိုလည်းကောင်း၊ လက်ထောက်လူဝင်မှု ကြီးကြပ် ရေးမှူး ဒေါ်ခင်မေထွန်းသည် အိမ်ထောင်စုစာရင်း အမည် ပြင်ဆင်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် ငွေကျပ် (၉)သိန်းကို လည်းကောင်း တောင်းခံရယူခဲ့ခြင်းတို့သည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး ဉီးကျော်သူဟိန်းသည် မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်လင်း အိမ်ထောင်စုခွဲခြင်း၊ မွေး/တိုး ပြုလုပ်ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ခြင်းတို့အတွက် တောင်းခံထားသည့် ငွေကျပ် (၁၂)သိန်း (၈)သောင်းကို လက်ခံရယူပေးခဲ့ခြင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြား (၁၀)ခု ပြုလုပ်ခြင်းအတွက် ဒေါ်မာရှောက်ဆန်းက ဦးထက်ဝင့်အောင်ထံမှ ငွေကျပ် တစ်သိန်း လက်ခံရယူခဲ့ခြင်းဖြင့် ပူးပေါင်းကြံစည်ခြင်း၊ အားပေးကူညီခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး ပေါ်ပေါက် သဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ လားရှိုးမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး (လဝက-၁၆၅၃၂) ဦးစီးအရာရှိ ဦးကျော်ကျော်လင်း၊ ဒုတိယလူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၆၉၃၅) ဒေါ်ကြည်ကြည်ညွန့်၊ ဒုတိယလူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၇၁၂၆) ဦးရန်ဝင်းအောင်၊ လက်ထောက်လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၆၈၆) ဦးထက်ဝင့်အောင်၊ လက်ထောက် လူဝင်မှု ကြီးကြပ်ရေးမှူး (လဝက-၁၅၇၅၉)ဒေါ်အိအိမွန်အောင် နှင့် လက်ထောက် လူဝင်မှုကြီးကြပ် ရေးမှူး (လဝက-၁၅၇၉၁) ဒေါ်ခင်မေထွန်း တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ လက်ထောက် လူဝင်မှုကြီးကြပ်ရေးမှူး (လဝက-၁၆၄၆၁) ဉီးကျော်သူဟိန်းနှင့် ဒေါ်မာရှောက်ဆန်း တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရှမ်းပြည်နယ်၊ လားရှိုးမြို့မရဲစခန်းတွင် ၁၂-၆-၂၀၁၉ ရက်နေ့၌ ပထမသတင်းပေး တိုင်ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ဆက်စပ် သတင်းများ