သတိပေးချက်။

- မည်သူမဆို ခိုင်လုံသော အကြောင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်အား နစ်နာစေရန် ရည်ရွယ်၍ မမှန်မကန် သတင်းပို့ခြင်း၊ တိုင်တန်းခြင်း ပြုလုပ်ပါက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၉ အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ပါသည်။

- အကယ်၍ e-Complaint စနစ်ဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရပါက myanmaracc2014@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

တိုင်ကြားစာပုံစံ ဖြည့်သွင်းခြင်း

ဤတိုင်ကြားစာပုံစံသည် နစ်နာသူက အွန်လိုင်းမှ တစ်ဆင့် တိုင်ကြားနိုင်ပါသည်။ မိမိ တိုင်ကြားခဲ့သော တိုင်ကြားစာ ၏ အနှစ်ချုပ်ကို ပြန်လည် ကြည့်ရှုနိုင်ပါသည်။

ဖြစ်နိုင်ပါက၊တိုင်ကြားသူအနေဖြင့် တိုင်ကြားစာတွင် အောက်ပါ အချက်အလက်များအား ထည့်သွင်းသင့်ပါသည်။

- မည်သည့်နေရာ၊ မည်သည့် အချိန်တွင် အဂတိ လိုက်စား မှုက မည်သို့ ဖြစ်ပွားခဲ့သည်။

- မည်သူပါဝင်ခဲ့သည်။

- ၎င်းကို မည်သည့်အတွက်ကြောင့် အဂတိလိုက်စားမှု ဟု ယူဆသည်။

တိုင်ကြားစာပေးပို့ရန် အခြားနည်းများ

၁။ လူကိုယ်တိုင်လာရောက်တိုင်တန်းခြင်း

ရုံးဖွင့်ချိန်
တနင်္လာနေ့မှ သောကြာနေ့ထိ (တရားဝင်ရုံးပိတ်ရက်များ မပါ)
မနက် ၁၀ နာရီမှ ညနေ ၃ နာရီထိ

၂။ စာတိုက်မှပေးပို့ရမည့် လိပ်စာ
ဥက္ကဋ္ဌ
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊
အဆောင်(၁၀)၊ အုပ်စု(၁)၊ အားကစားလေ့ကျင့်ရေးစခန်း၊
ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်။

ပထမ အသုံးပြုသူ

ဆက်လက်ဆောင်ရွက်ရန်

တိုင်ကြားစာအပေါ် ကော်မရှင်၏ ဆောင်ရွက်ပုံ

အဆင့်(၁) တိုင်ကြားစာအား လက်ခံခြင်း။
အဆင့်(၂) ရရှိသည့် တိုင်ကြားစာအား တိုင်ကြားစာ စိစစ်သုံးသပ်ရေးကော်မတီသို့ စိစစ်နိုင်ရန်ပေးပို့ခြင်း။
အဆင့်(၃) သတင်းအချက်အလက် ထပ်မံလိုအပ်ပါက တိုင်ကြားသူအား အကြောင်းကြား အသိပေးခြင်း။

အသုံးပြုဖူးသူ

- ယခင်က တင်သွင်းခဲ့ဖူးသော တိုင်ကြားစာ အနှစ်ချုပ်အား ပြန်ကြည့်ရန်။

- အဆိုပါတိုင်ကြားစာတွင် အသေးစိတ် ထပ်မံ ထည့်သွင်းရန်။

- အခြားတိုင်ကြားစာ ပေးပို့ရန်။