လက်ခံတွေ့ဆုံမှု

နေပြည်တော်၊ မတ်လ (၅)

--------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ရန်ကုန်မြို့၊ ဒိန်းမတ်နိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. John Nielsen နှင့်အဖွဲ့အား ယနေ့ နံနက် (၈:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ဒီဇင်ဘာလ (၁၄)

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် ချက်သမ္မတ နိုင်ငံ သံရုံးမှသံအမတ်ကြီး H.E. Mr. Jaroslav Dolecek အား ယနေ့ နေ့လည် ၁:၀၀ နာရီအချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၌ လက်ခံတွေ့ဆုံသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် UNODC မှ Country Manager ဖြစ်သူ Mr. Troels Vester ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့အား ၈-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၁၀:ဝဝ)နာရီအချိန်က နေပြည်တော်ရှိ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံပါသည်။

နေပြည်တော်၊ စက်တင်ဘာလ (၂၆) ရက်

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Wouter Jurgens နှင့်အဖွဲ့အား ၂၆-၉-၂၀၁၈ ရက်နေ့ ၁၅:ဝဝနာရီအချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။