အရေးယူဆောင်ရွက်မှု သတင်းများ

နေပြည်တော် ဇူလိုင်လ(   ၁၇  )ရက်

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ အုပ်စု၊ ပိတောက်ခုံရပ်တွင် ငွေစုခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် နှစ်လုံး၊ သုံးလုံး (ချဲထီ) ရောင်းသည်ဟုဆိုကာ ဝင်ရောက် ဖမ်းဆီးခဲ့ပြီး အမှုဖွင့် အရေးယူခဲ့သည့်ကိစ္စတွင် ငွေကြေး တောင်းခံရယူခဲ့သည့် ကိုးတောင်ဘို့ရဲကင်းမှူးအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

နေပြည်တော် ဇူလိုင်လ( ၂ )ရက်

-----------------------------------

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မင်းကျောင်းကျေးရွာအုပ်စုရှိ မြေကွက်နှင့် ဆန်စက်အတွက် တံဆိပ်ခေါင်းဘိုး ကျသင့်ငွေ ကျပ်သိန်း (၃၀)ကို မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးအောင်အောင်အား လက်ရောက်ပေးအပ်ခဲ့ကြောင်း၊ မြန်မာ့စီးပွားရေးဘဏ်သို့ ငွေသွင်း ချလန်အရ နိုင်ငံတော်ရငွေမှာ ငွေကျပ် ၁,၈၇၈,၀ဝဝိ/- ဖြစ်၍ ပိုငွေ ကျပ် ၁,၁၂၂,၀ဝဝိ/-ကို ၎င်းနှင့် ရုံးအဖွဲ့အတွက်ဟုဆိုကာ ငွေကြေးရယူခဲ့မှုအပေါ် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနိုင်ပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ခလောက်ချိုက် ကွင်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၅၂)၊ ခလောက်ချိုက်ကွင်း၊ ဦးပိုင်(၈/က)ဧရိယာ ၂၀.၈၂ ဧကကို မြေပိုင်ဆိုင်မှု အငြင်းပွားခဲ့ခြင်းနှင့်ပတ်သက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖွဲ့စည်းသည့် စစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခဲ့ရာတွင် စစ်ဆေးရေးအဖွဲ့၏ ရေးသားချက်များ အမှန်ဖြစ်စေရေးအတွက် ငွေကျပ် သိန်း(၁၂၀) ပေးခဲ့ရခြင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မှန်မှန်ကန်ကန် ဆောင်ရွက်ပေးခဲ့ခြင်း မရှိသည့်အပြင် အသက်အန္တရာယ်ရှိကြောင်း ခြိမ်းခြောက် ပြောဆိုခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့တိုင်ကြားခဲ့ပါသည်။

နေပြည်တော် ဇွန်လ( ၁၄ )ရက်

          မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀ အရ ဖွင့်လှစ်သည့်အမှုအတွက် ရဲစခန်းအာမခံ ရရှိရန် ငွေကျပ် ၁၅၀၀၀ဝိ/-၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဂ)အရ ဖွင့်လှစ်သည့် အမှုအတွက် အာမခံ ရရှိရန် ငွေကျပ် (၂၅)သိန်း၊ စုစုပေါင်း ငွေကျပ် ၂၆၅၀၀၀ဝိ/-ကို တောင်းယူခဲ့သည့် မန္တလေးတိုင်း ဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၃)နယ်မြေရဲစခန်းမှူးနှင့် အမှုစစ်တို့အား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။