အလုပ်ရုံဆွေးနွေးပွဲ

၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် လာဘ်ပေးလာဘ်ယူမှု ကာကွယ်တားဆီးရေးဆိုင်ရာ ဒေသတွင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြတ်မွန်နှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မိုးဆွေ တို့ တက်ရောက်ခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၅-၆-၂၀၁၈ ရက်နေ့မှ ၇-၆-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ ဒေသတွင် အကျိုးစီးပွား ပဋိပက္ခဖြစ်မှုနှင့် ပိုင်ဆိုင်မှုများ ကြေညာခြင်းတို့နှင့် ပတ်သက်၍  ဒေသဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Asset Declarations and Conflicts of Interest in Southeast Asia) သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်ဇော်နှင့် ဦးစီးအရာရှိ ဦးအောင်နိုင်ထွန်းတို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

            မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ လမ်းပြမြေပုံတစ်ရပ် ရေးဆွဲချမှတ်လျက် ထိရောက်စွာ အကောင်အထည်ဖော်နိုင်စေရန် ရည်ရွယ်၍ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့သို့ ၁၁-၁၂-၂၀၁၇ ရက် နေ့မှ ၁၅-၁၂-၂၀၁၇ ရက်နေ့ထိ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် မှ အတွင်းရေးမှူး ဦးစန်းဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေ့လာရေးခရီးစဉ်ကို သွားရောက်ခဲ့ပါသည်။

အဆိုပါ လေ့လာရေးခရီးစဉ်တွင်အင်ဒိုနီးရှားနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အပါ အဝင် ဆက်စပ်ပတ်သက်သည့် အဖွဲ့အစည်း(၉) ခုသို့ သွားရောက်လေ့လာခဲ့ပြီး ခရီးစဉ်အတွင်း  မြန်မာနိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကတာဝန်ယူဆောင်ရွက်လျက်ရှိသည့်အဂတိလိုက်စားမှုတိုက် ဖျက်ရေး လုပ်ငန်းများဆောင်ရွက်မှု၊ ကြိုတင်တားဆီးကာကွယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်မှု၊ ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကို ရှင်းလင်းနိုင်ခြင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းအခြားအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင် ရွက်မှု နှင့် စိန်ခေါ်မှုများကို လေ့လာခွင့်ရရှိခဲ့ပါသည်။

နေပြည်တော် ဇန်နဝါရီ ၁၆

          အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းအစီအစဉ်အရ “အဂတိလိုက်စားမှုတွန်းလှန်ဖို့ ကိုယ်ကျင့်သိက္ခာမြှင့်တင်စို့”  (Promote Integrity to Counter Corruption) ဟူသော ခေါင်းစဉ်ဖြင့် အရပ်ဖက် အဖွဲ့အစည်းများ၏ စာတမ်းဖတ်ကြား ဆွေးနွေးပွဲကို  UNODC နှင့် ပူးပေါင်းပြီး ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလ ၂၂ - ၂၃ ရက်နေ့ များတွင် ရန်ကုန်မြို့ PARKROYAL ဟိုတယ်၌ ကျင်းပသွား မည်ဖြစ်ပါသည်။