အလုပ်ရုံဆွေးနွေးပွဲ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် ပညာပေး ဟောပြောပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့၊ (၁၃:၀၀) နာရီ အချိန်က လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ် (၂၇)၊ ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦး၊ ဦးစီးဌာန/လုပ်ငန်း/ကော်ပိုရေးရှင်းများမှ ဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အရာထမ်း/အမှုထမ်းများ တက်ရောက်ကြသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) တို့ပူးပေါင်းပြီး အဂတိလိုက်စားမှုအား ဆန့်ကျင်ခြင်း ပူးတွဲ ကြေညာချက် လက်မှတ်ရေးထိုးပွဲနှင့် Developing Code of Conduct on Business Integrity ဆွေးနွေးပွဲကို ၂-၇-၂၀၁၈ ရက်နေ့ (၁၀၀၀)အချိန်တွင် ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI ရုံး မင်္ဂလာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) တို့ ပူးပေါင်းဖွင့်လှစ်သည့် Risk Assessment and Public Procurement အလုပ်ရုံဆွေးနွေးပွဲ တတိယမြောက်နေ့အဖြစ် ၂၂-၆-၂၀၁၈ ရက်နေ့ (၀၉၀၀)အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) တို့ ပူးပေါင်းဖွင့်လှစ်သည့် Risk Assessment and Public Procurement အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀-၆-၂၀၁၈ ရက်နေ့ (၀၉၀၀)အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် ပြုလုပ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် တာဝန်ရှိသူများ၊ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး(UNODC)မှ ကျွမ်းကျင်သူများဖြစ်ကြသည့် Mr. Constantine Miltchev Palicarsky ၊ Ms. Cornelia Anna Kortl နှင့် ကော်မရှင်ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။