အလုပ်ရုံဆွေးနွေးပွဲ

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဟောင်ကောင်ဒေသ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Independent Commission Against Corruption-ICAC)တို့ ပူးပေါင်းပြီး ဖွင့်လှစ်ခဲ့သော Publicity and Public Education Training သင်တန်း ဆင်းပွဲအခမ်းအနားကို ၁၆-၁၁-၂၀၁၈ ရက်နေ့ နေ့လည် ၁၂:ဝ၀ နာရီ အချိန်တွင် နေပြည်တော်ရှိ Hotel Ryoal ACE ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများ၊ CSO အဖွဲ့အစည်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်း၍ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၏ နည်းပညာ အကူအညီဖြင့် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား "စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျင့်ဝတ်သိက္ခာ"ခေါင်းစဉ်ဖြင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့တော် ခန်းမ၌ နိုဝင်ဘာ ၁၇ ရက် တွင် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် ဟောင်ကောင်ဒေသ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (Independent Commission Against Corruption -ICAC)တို့ ပူးပေါင်း၍ ဖွင့်လှစ်သည့် Publicity and Public Education Training သင်တန်းဖွင့်ပွဲ အခမ်းအနားကို ၁၂-၁၁-၂၀၁၈ ရက်နေ့(၁၀:ဝဝ)နာရီတွင် နေပြည်တော်ရှိ Hotel Royal ACE ၌ ပြုလုပ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ UNODC မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဟောင်ကောင်ဒေသ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (ICAC)မှ သင်တန်းဆရာများ၊ ကိုယ်စားလှယ်များနှင့် ကော်မရှင်ရုံးမှ အရာထမ်း၊ အမှုထမ်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အမေရိကန်ပြည်ထောင်စု တရားရေး ဌာန၏ ပင်လယ်ရပ်ခြား ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် Forensic Accounting Workshop အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၁၂-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(ဝ၉:ဝဝ) နာရီတွင် နေပြည်တော်ရှိ Hilton Hotel ၌ ပြုလုပ်ရာ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်၊ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ United States Department of Justice မှ Resident Legal Advisor, Mr. Robert Strang က ဦးဆောင်သည့် သင်တန်းဆရာများ၊ ကော်မရှင်ရုံးမှ ဝန်ထမ်းများနှင့် သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။