နားလည်မှုစာချွန်လွှာ

မြန်မာနိုင်ငံအတွင်း ထိရောက်သောအဂတိလိုက်စားမှုကာကွယ်တားဆီးရေးနှင့်တိုက်ဖျက်ရေး တို့တွင် ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်နိုင်ရန်  ရည်ရွယ်၍ ကိုရီးယားသမ္မတနိုင်ငံ Anti-Corruption and Civil Rights Commission (ACRC) နှင့် UNDP တို့ ပူးပေါင်း စီစဉ်သည့် အဂတိလိုက်စားမှု အန္တရာယ်ရှိမှု ဆန်းစစ်အကဲဖြတ်ခြင်း(Corruption Risk Assessment) နှင့် ပတ်သက်၍ ကျွမ်းကျင်မှုနည်းပညာနှင့် ပေါ်လစီဆိုင်ရာများကို လေ့လာနိုင်ရန်အတွက် မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၈ ခုနှစ်၊ မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့နှင့် ဆေးဂျုံမြို့များသို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။

          မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (State Inspection and Anti-Corruption Authority-SIAA) တို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနယ်ပယ်အတွင်း ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရန်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာ(MOU) အား ၁၅-၁-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော်သမ္မတအိမ်တော်၊ နေပြည်တော်၌ မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့် လာအိုနိုင်ငံ အစိုးရ စုံစမ်းစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ Vilavanh Boutdakham တို့မှ လက်မှတ်ရေးထိုးခဲ့ပါသည်။

          ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာထောင်းလွန်းဆီဆုလစ်တို့ ရှေ့မှောက်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် လာအိုနိုင်ငံ၊ နိုင်ငံတော် စစ်ဆေးရေးနှင့် အဂတိတိုက်ဖျက်ရေးအာဏာပိုင် အဖွဲ့(State Inspection and Anti-Corruption Authority) (SIAA) ဒုတိယဥက္ကဋ္ဌ Mr.Vilayvanh Boutdakham တို့က အဂတိလိုက်စားမှုကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးကြပြီး အပြန်အလှန်လဲလှယ်ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ထိုင်းနိုင်ငံ အဂတိဆန့်ကျင်ရေးအမျိုးသားကော်မရှင်တို့အကြား  အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ MoU အား ကြိုတင်ညှိနှိုင်းနှစ်ဘက် သဘောတူကြသည့် Postal mail ဖြင့်  လက်မှတ်ရေးထိုးခြင်းအား ကော်မရှင်ဥက္ကဋ္ဌမှ ၂၆-၁-၂၀၁၇ ရက်နေ့တွင်လည်းကောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ၂၀၁၇ခုနှစ်၊  ဇန်နဝါရီလ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့်The Regional Conference on Fast-tracking Implementation of UNCAC (Technical Workshop) နှင့် (Main Conference) ကျင်းပစဉ် အစည်းအဝေးသို့ တက်ရောက်သည့် ကော်မရှင်မှ ကိုယ်စားလှယ်အဖွဲ့နှင့် ယူဆောင်သွားသော MoU အား ထိုင်းနိုင်ငံ အဂတိဆန့်ကျင်ရေးအမျိုးသားကော်မရှင်ဥက္ကဋ္ဌမှ ၁-၂-၂၀၁၇ ရက်နေ့တွင် လည်းကောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌  လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါသည်။