သင်တန်း

၂၂-၆-၂၀၁၈ ရက်နေ့ (၀၉၀၀)အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှု သင်တန်းဆင်းပွဲ ပြုလုပ်ရာ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးစန်းဝင်းတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် အတွင်းရေးမှူးက သင်တန်းနည်းပြ PEAK International Learning Center မှ ဒေါ်ပိုပိုသိမ့်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတက ၇-၃-၂၀၁၄ ရက်နေ့တွင် ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့၀င် များအား တွေ့ဆုံလမ်းညွှန်မှုပြုရာတွင် ၀န်ထမ်းများ စွမ်းဆောင်ရည် မြင့်မားရေးနှင့် ပတ်သက်၍ လေ့ကျင့်မှုနှင့်တည်ဆောက်ပြီးမှသာ တာ၀န်ထမ်းဆောင် စေရန်ဟူသော ညွှန်ကြားချက်နှင့်အညီ ကော်မရှင်၌ တာ၀န် ထမ်းဆောင်လျက်ရှိသော အမြဲတမ်း၀န်ထမ်းများနှင့် နေ့စား၀န်ထမ်း များအား စိတ်ဓာတ်၊ ခံယူချက်နှင့် စွမ်းဆောင်ရည်မြင့်မားရေးအတွက် ရုံးလုပ်ငန်း စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို အောက်ပါအတိုင်း ဖွင့်လှစ်ခဲ့ပြီး ဖြစ်ပါသည်-

Created By : 06-Aug-2019 Published In: သင်တန်း Hits: 489
ကော်မရှင်ဝန်ထမ်းများအား အောက်ဖော်ပြပါ သင်တန်းများသို့ စေလွှတ်ခဲ့ပါသည်-

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှင့် အမေရိကန် နိုင်ငံ Federal  Bureau of Investigation (FBI) တို့ ပူးပေါင်းဖွင့်လှစ်သည့် Organized Crime and Public Corruption သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို နေပြည်တော် ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ၁၅-၅-၂၀၁၇ ရက်နေ့ နံနက်(၀၉:၃၀)နာရီတွင် ကျင်းပရာ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက အဖွင့်အမှာစကား ပြောကြား သည်။