သင်တန်း

နေပြည်တော် ဇွန်လ ၁၇ ရက်

၁။            အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၀၉)ကို ကော်မရှင်ရုံး၊ စုပေါင်းခန်းမတွင် ယနေ့နံနက်(၀၉:၀၀)နာရီအချိန် ၌ ဖွင့်လှစ်သည်။

နေပြည်တော်၊ ဖေဖော်ဝါရီလ (၂၅)

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာ ရုံး(UNODC)တို့ ပူးပေါင်း၍ ပြည်သူ့ဘဏ္ဍာနှင့် ဝယ်ယူရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အဂတိ လိုက်စားမှုကို စုံစမ်းစစ်ဆေးခြင်းသင်တန်း (Mentoring Program for Investigating Public Finance and Procurement Related Corruption)ကို ကော်မရှင်ရုံး စုပေါင်းခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင် ဖွင့်လှစ်သည်။

နေပြည်တော် ၊ အောက်တိုဘာလ ၁ ရက်

၁-၁၀-၂၀၁၈ ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၌ ကော်မရှင်က ဖွင့်လှစ်သည့် ဝန်ထမ်းသစ်များ အခြေခံလေ့ကျင့်ရေး သင်တန်း အမှတ်စဉ် (၁/၂၀၁၈) ဖွင့်ပွဲအခမ်းအနားပြုလုပ်ရာ ကော်မရှင် အတွင်းရေးမှူး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် သင်တန်းသား/ သင်တန်းသူ(၈၂)ဦးတို့ တက်ရောက်ခဲ့ကြသည်။

၂၂-၆-၂၀၁၈ ရက်နေ့ (၀၉၀၀)အချိန်က နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် အင်္ဂလိပ်စာအရည်အသွေး မြှင့်တင်မှု သင်တန်းဆင်းပွဲ ပြုလုပ်ရာ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့်တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ သင်တန်းနည်းပြနှင့် သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ကော်မရှင် ဥက္ကဋ္ဌကိုယ်စား အတွင်းရေးမှူး ဦးစန်းဝင်းတက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် အတွင်းရေးမှူးက သင်တန်းနည်းပြ PEAK International Learning Center မှ ဒေါ်ပိုပိုသိမ့်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။