ဆောင်းပါး

           သဘာဝသယံဇာတ နှင့် နိုင်ငံတည်ရှိရာ ပထဝီအနေအထား၊ ရေမြေတော တောင် ကောင်းမွန်သော်လည်း စနစ်ဆိုး နှင့် စီမံခန့်ခွဲမှုအလွဲများ၏ ဆိုးကျိုးကြောင့် ဆင်းရဲသော နိုင်ငံအဖြစ်၊ ဆင်းရဲသော နိုင်ငံသားများအဖြစ် ရုန်းကန်ခဲ့ကြရသည်။ လူအများစု ဆင်းရဲဒုက္ခ အခက်အခဲအကျပ်အတည်းများ ရှိနေသော်လည်း လူတစ်စု မှာ များစွာသော အကျိုးခံစားခွင့်များ၊ မတရားလက်ဝါးကြီးအုပ်မှုများ ထွန်းကားခဲ့သည်။ သို့သော် ခေတ်စနစ်ဆိုးအား အဆုံးသတ်နိုင်ရေး အတွက် ၂၀၁၅ ရွေးကောက်ပွဲတွင် လူထု၏ဆန္ဒသဘောထားများကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။ လူထုက မှန်မှန်ကန်ကန်ရွေးချယ်ခွင့် ဆုံးရှုံးခဲ့သော အခြေအနေမှ ရရှိလာသော အခွင့်အရေး အား လက်လွတ်မခံဘဲ အပြောင်းအလဲအတွက် ရဲရဲရင့်ရင့် မဲပေးရွေးချယ်ခဲ့ကြပြီးဖြစ်သည်။ မကြာခင် အချိန်ကာလတွင် လူထုရွေးချယ်ခဲ့သော အစိုးရတစ်ရပ် ပေါ်ထွန်းလာရတော့ မည်ဖြစ်သည်။

           ထိုအခါတွင် လူထု၏နေ့စဉ်ဘဝရပ်တည်မှုများမှသည် အနာဂတ်မျှော်မှန်းချက် များ အတွက်  ထိုးနှက်ချက်များစွာ ရှိသည့်အနက်မှ အဂတိလိုက်စားမှုပြဿနာ နှင့် တရားရေးမဏ္ဍိုလ်တိုင် ဖြောင့်မတ် မှန်ကန်မှုအတွက်  ဦးစားပေးထည့်သွင်းအဖြေရှာ ဖြေရှင်းပေးရန် လိုလားနေကြပြီ ဖြစ်သည်။

             လက်ရှိတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးနှင့် ဖွံ့ဖြိုးရေးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုမှာ နိုင်ငံရေးဆိုင်ရာ ခြစားမှုဖြစ်သည်။ နိုင်ငံရေးဆိုင်ရာခြစားမှု ဟူသည် တရားမဝင် ကိုယ်ပိုင်အကျိုး အမြတ်အတွက် အစိုးရအရာရှိများ၏ အာဏာကို အသုံးပြုခြင်းဖြစ်သည်။ သို့သော် ယင်းလုပ်ရပ် သည် အစိုးရအရာရှိတာဝန်နှင့် တိုက်ရိုက်ပတ်သက်မှုရှိမှသာ အစိုးရအာဏာရှိသူတစ်ဦး၏ တရား မဝင် လုပ်ရပ်ကို နိုင်ငံရေးဆိုင်ရာ ခြစားမှုဟုခေါ်ဆိုနိုင်သည်။ ခြစားမှုပုံစံအမျိုးမျိုး ရှိသည့်အနက် လာဘ်စားခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ခရိုနီဝါဒ၊ ဆွေးမျိုးကောင်းစားရေးဝါဒ၊ သူကောင်း ပြုခြင်း၊ အာဏာရှိသူ နှင့် အကျိုးအမြတ်ရယူလိုသူတို့အကြား ပွဲစားလုပ်ခြင်း၊ အဂတိလိုက်စားခြင်း နှင့် အလွဲသုံးစားလုပ်ခြင်းတို့ပါဝင်သည်။

နိဒါန်း

"ရှေ့နေ" တာဝန်မှ "အဂတိတိုက်ဖျက်ရေး" တာဝန်သို့ ပြောင်းလဲထမ်းဆောင်ရသည်။ လုပ်ငန်း သဘော သဘာဝချင်းမတူ။ နယ်သစ်၊ ပယ်သစ်၊ တာဝန်သစ်ဖြစ်သည်။ နိုင်ငံတော်တာဝန် လည်း ဖြစ်သည်။ အမှားမဖြစ်စေရ။ အားသစ်မွေးမှ။ သတိထား ကြိုးစားရမည့် အလုပ်တာဝန်။

အဂတိ သတိ

''အဂတိ'' ဟူသည် အဘယ်နည်း။ အဂတိသည် မှောင်မည်းသည်။ မလင်း။ မရှင်း။ အလျှင်း သတိပြုရမည့်အရာ။ သတိကပ်ရမည့်အရာ။ အကျင့်စာရိတ္တစံပြဖြစ်ရမည့်ကမ္ဘာ။ အခက်အခဲ များစွာ။ အနှောင့်အယှက်များစွာ။ ဥပဒေက ကန့်သတ်ထားသည့်အရာ။ ထို့ကြောင့် အဂတိ သတိ ဟု ရေးမှတ်လိုက်သည်။

ရှေ့နေဘဝအတွေ့အကြုံ

(ယခင်) ရှေ့နေဘဝအတွေ့အကြုံများစွာထဲမှာ အဂတိလိုက်စားမှုတွေတရားရုံးမှာ စစ်ဆေးခဲ့ရသည်။ တရားလိုဘက်ကရော၊ တရားခံဘက်ကပါဘယ်သူတွေ ဘယ်လို အကျင့်ပျက်ခဲ့သလဲ။ ဘာပုဒ်မနဲ့ ငြိသလဲ။ ဆွဲချအမြင်နှင့်ကြည့်လျှင် တစ်မျိုး၊ တရားခံဘက်က ကြည့်တော့ လွတ်ရာလွတ် ကြောင်းထုံးဟောင်းရှာဖွေ။ နှစ်ဖက်ခံစားချက်မြင်ခဲ့ရ၊ ကြုံခဲ့ရ၊ သံသယအကျိုးတောင်းခဲ့ရ၊ လွတ်သူလည်းရှိ၊ ကျသူလည်းပါ၊ ဘယ်ခါမှ မပြီးပြတ်သော ဇာတ်လမ်းပမာတွေ။ဟိုအဝေးမှာ ကျန်ခဲ့ပြီလေ။

နိဒါန်း

"ဆရာ"

"ဗျာ"

"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ"

"ရှေ့နေနှင့်အမှုတွဲပါ"

"ဘာကိုဆိုလိုပါသလဲ ဆရာ"

"ဖတ်ကြည့်ဗျာ"

အမှုတွဲ

ရှေ့နေဘဝ ကျင်လည်ခဲ့ရသော အချိန်က အမှုတစ်မှု စတင်လိုက်ပါတော့မည်ဆိုလျှင် ဘာတွေ ကြိုတင် ပြင်ဆင်မည်လဲ။ ဘာအမှုလဲ။ ရှေ့နေကိုယ်စားလှယ်လွှဲစာက စရသည်။ အမှုသည်ကလွှဲမှ ကိုယ့်တာဝန် ရှိသည်။ လွှဲစာမရှိက ဘာမျှမလုပ်ရ။ ပထမသတိပြုရသည့် သင်ခန်းစာ။ ပြီးမှ တံဆိပ်ခေါင်းကပ်နည်း၊   ရဲအရေးပိုင်၊ မပိုင်။ မည်သည့်ပုဒ်မ။ မည်သည့်တရားရုံး။ မည်သည့်တရား ခွင်စာရေး။