ဆောင်းပါး

နိဒါန်း

"ဆရာ"

"ဗျာ"

"ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်ကဘာလဲဆရာ"

"ရှေ့နေနှင့်ပြန်ကြားရေးပါ"

"ကျွန်တော်သိပ်မရှင်းဘူးဆရာ"

"ရှင်းသွားအောင်ဖတ်ကြည့်ကြစို့"

ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် 

အရင်တစ်ပတ်က ကျွန်တော်ဆွေးနွေးပွဲတစ်ခုမှာ စာတမ်းတစ်စောင် ဖတ်ခွင့်ရခဲ့ပါတယ်။ စာတမ်းဖတ်ပေးဖို့ အကူအညီ တောင်းသူကတော့ ရဲချုပ် (ငြိမ်း) ဦးဇော်ဝင်း၊ သူနဲ့ကျွန်တော်က ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တောကော်မရှင်မှာ တာဝန်ယူတုန်းက ခင်မင်ရင်းနှီးခဲ့တာ။ အခုတော့ သူက အသစ်ဖွဲ့စည်းထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှာ တာဝန်ယူနေတာ။ ကျွန်တော့်ကို စာတမ်းဖတ်ဖို့ ပြောလာတာမို့ လိုလိုချင်ချင် လက်ခံလိုက်ပါတယ်။ ဒီကော်မရှင်ကို အစိုးရသစ်က မကြာမီကာလမှာ ဖွဲ့စည်းခဲ့တာ။ ဥက္ကဋ္ဌလုပ်သူက ဦးအောင်ကြည်။ သူနဲ့ကျွန်တော် စောစောက မောင်တောကော်မရှင်မှာ အတူတူအလုပ်လုပ်ခဲ့ကြသလို ငြိမ်းချမ်းရေးကော်မရှင်မှာလည်း အတူတူ တာဝန်ယူခဲ့ကြတာ။ ဦးအောင်ကြည်ရဲ့ ကျေးဇူးနဲ့ ကျွန်တော်က မြန်မာ့အလင်း သတင်းစာမှာ အခုလို ဆောင်းပါးတွေရေးဖြစ်တာ။ ပြန်ကြားရေးဝန်ကြီးတာဝန်ယူစဉ် ဦးအောင်ကြည်က မြန်မာ့ အလင်းသတင်းစာမှာ ဆောင်းပါးရေးဖို့ အားပေးတိုက်တွန်းခဲ့တာ ဖြစ်တယ်။ သူ့ကြောင့်ကျွန်တော် မြန်မာနိုင်ငံစာနယ်ဇင်း ကောင်စီ(ယာယီ)မှာ တာဝန်ယူခဲ့ရပြန်တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို သူ့လိုပုဂ္ဂိုလ်တစ်ဦး တာဝန်ယူ နေတာဟာ အင်မတန်မှ သင့်မြတ်လှပါတယ်။ အကျင့်သီလ ပြည့်စုံလှသူတစ်ဦးက ဦးဆောင်တဲ့ အဖွဲ့အစည်းဟာ အောင်မြင်ဖို့ သေချာလှပါတယ်။ 

နိဒါန်း

“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”
“ရှေ့နေနှင့် စာတမ်းများပါ”
“ဘာကိုဆိုလိုတာလဲ ဆရာ”
“ဖတ်ကြည့်ကြစို့”
အဂတိလိုက်စားမှုတိုက်ဖျက်ရေး
အဂတိလိုက်စားမှု တိုက်ဖျက်ရေး(တာဝန်)ထမ်းနေသူ ဆောင်းပါးရှင်အဖို့ ဥပဒေမူဘောင်ကို အမြဲသတိပြုသည်။ ဥပဒေမူဘောင်ကဘာလဲ။ တာဝန်ကဘာလဲ။ ဥပဒေကို ကျော်လွန်၍မရ။ လိုအပ်တာထက်ပိုပြီး မလုပ်မိစေနှင့်။ စေတနာကြွယ်ခြင်းနှင့် ပြည်သူကိုချစ်ခင်ခြင်းသည် မြတ်နိုးစရာဖြစ်ပါ၏။ သို့သော်ငြား ဥပဒေ၊ နည်းဥပဒေတွေနှင့် မဆန့်ကျင်ဖို့တော့ သတိပြုဆောင်ရွက်ပါ။ ထိုသို့ ကျွန်တော်ယုံသည်။ 

        ခြစားမှုဟူသည် ပြည်သူတစ်ရပ်လုံးအား ထိခိုက်စေသောကြောင့် ပြည်သူ တစ်ရပ်လုံး၏ ရန်သူဖြစ်သည်။ ရေရှည်တည်တံ့သော စီးပွားရေးဖွံ့ဖြိုးမှု၊ ကျင့်ဝတ် ဆိုင်ရာစံတန်ဖိုးများနှင့် တရားမျှတမှုတို့ကို ခြစားမှုက ခြိမ်းခြောက်လျက်ရှိသည်။ ခြစားမှုက လူ့အဖွဲ့အစည်းကို မတည်မငြိမ် ဖြစ်စေပြီး တရားဥပဒေစိုးမိုးရေးကို အန္တရာယ်ပြုလျက်ရှိသည်။ ခြစားမှုဟူသည် အင်စတီကျူးရှင်း များနှင့် ဒီမိုကရေစီ စံတန်ဖိုးများကို လှိုက်စားကာ အားနည်းသွားစေလျက် ပျက်သုဉ်းသွားစေ နိုင်သော အရာလည်းဖြစ်သည်။ အများပြည်သူနှင့်ဆိုင်သော မူဝါဒများနှင့် အများပြည်သူနှင့် ဆိုင်သော ရင်းမြစ်များသည် ဆင်းရဲသားပြည်သူများကို အကြီးအကျယ် အကျိုးပြုနေသည့် အရာများ ဖြစ်သောကြောင့် ခြစားမှု၏ဆိုးရွားသော ရိုက်ခတ်မှုများကို အပြင်းထန်ဆုံး ထိခိုက်ခံစားရသူများမှာ ဆင်းရဲသားပြည်သူများသာဖြစ်သည်။