ပညာပေးဆွေးနွေးမှု

နိုင်ငံတော်သမ္မတ လမ်းညွှန်မိန့်ကြားချက်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့က တာဝန်ယူ၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နှင့် (အောက်မြန်မာပြည်) တို့၌ ဖွင့်လှစ်ခဲ့သည့် သင်တန်းများတွင်လည်း ကော်မရှင်အဖွဲ့ဝင်များအနေဖြင့် အောက်ဖော်ပြပါအတိုင်း သွားရောက်ဆွေးနွေး ဟောပြောပို့ချခဲ့ပါသည် -

ကော်မရှင်အဖွဲ့၀င်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်း တာ၀န်ထမ်းဆောင်လျက်ရှိသော အရာထမ်း/အမှုထမ်းများအား အဂတိ လိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေးတို့အတွက် ဥပဒေရေးရာ အသိပညာပေးဆွေးနွေးဟောပြောမှုနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ၁-၆-၂၀၁၅ ရက်နေ့မှ ၂၈-၇-၂၀၁၅ ရက်နေ့ အထိ အောက်ဖော်ပြပါအတိုင်း ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်-

၁၂.၁.၂၀၁၅ ရက်နေ့မှ ၃.၆.၂၀၁၆ ရက်နေ့အထိ ကော်မရှင်အဖွဲ့၀င်များသည် ပြည်ထောင်စု၀န်ကြီးဌာနအားလုံးသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီး ကာကွယ်ရေးတို့အတွက် ဥပဒေရေးရာအသိပညာပေးဆွေးနွေးဟောပြောမှုနှင့် ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား အောက်ဖော်ပြပါအတိုင်း ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်-

၂၀၀၃ ခုနှစ်မှာ ကမ္ဘာ့နိုင်ငံအများ သဘောတူ အတည်ပြုခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကုလသမဂ္ဂကွန်ဗင်းရှင်း ( United Nations Convention against Corruption ) က ၂၀၁၈    ခုနှစ်မှာ (၁၅)နှစ် သက်တမ်းအတွင်း ရောက်လာပြီဖြစ်ပါတယ်။ ကွန်ဗင်းရှင်း (၁၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ၂၃-၅-၂၀၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ နယူးရောက်မြို့မှာ ကျင်းပခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ (၁၅)နှစ် မတိုင်ခင်က ယခုလိုမျိုး အဂတိလိုက်စားမှုအပေါ် တကမ္ဘာလုံးလွှမ်းခြုံနိုင်တဲ့ စာချုပ်စာတမ်းမျိုး မရှိခဲ့ပါဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်းက ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများကို အဂတိလိုက်စားမှု တိုက်ဖျက်ဖို့နဲ့ တားဆီးကာကွယ်ဖို့ ကိစ္စများမှာ ပူးပေါင်း ဆောင်ရွက်ကြဘို့ ပြဌာန်းချက်များ ချမှတ်ပေးထားခြင်း ဖြစ်ပါတယ်။ အဂတိလိုက်စားမှုက အခြားသော ပုံစံမျိုးစုံနဲ့ ပြစ်မှုများကိုပါ ဖြစ်ပေါ် အားပေးစေနိုင်တဲ့အတွက် ယခုကွန်ဗင်းရှင်းသည် နိုင်ငံဖြတ်ကျော် အုပ်စုလိုက် ပြစ်မှုများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအပြင် အခြားသော မူးယစ်ဆေးဝါးဆိုင်ရာ ကွန်ဗင်းရှင်းနဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေးဆိုင်ရာ စာချုပ်စာတမ်းများကိုပါ ဖြည့်ဆည်းပေးတဲ့ စာချုပ်စာတမ်းတစ်ခုလို့ ဆိုနိုင်ပါတယ်။