နိုင်ငံတကာ အစည်းအဝေး

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေး​ကော်မရှင်ရုံးမှ ကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးအောင်လွင် နှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်သောအဖွဲ့သည် ထိုင်းနိုင်ငံရှိ အမေရိကန်နိုင်ငံသံရုံးမှ Legal Attache' Mr. John Schachnovsky ဦးဆောင်သော အဖွဲ့အား ၁၂-၆-၂၀၁၈ ရက်နေ့ (၁၅:၀၀) နာရီမှ (၁၆:၄၅) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမတွင် လက်ခံတွေ့ဆုံ ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ဦးဆောင်သောအဖွဲ့သည် UNODC မှ Anti-Corruption and Law Enforcement International Expert Mr.Raghavan Kuppuswamy အား ၂၇-၆-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီ မှ (၁၁:၄၀) နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် Department for International Development ​( DFID ) နေပြည်တော်ရုံးမှ Head of DFID Liaison Office Mr. Joe Rolling ဦးဆောင်သောအဖွဲ့အား ၁၄-၆-၂၀၁၈ ရက်နေ့ (၁၀:၀၀)နာရီမှ (၁၀:၄၀)နာရီထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံ ဆွေးနွေးခန်းတွင်  လက်ခံ တွေ့ဆုံခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သော အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့(IMF) ၏ 2018 IMF Staff Visit Mission မှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Shanaka Jayanath Peiris ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၉-၅-၂၀၁၈ ရက်နေ့ (၁၁:၀၀)နာရီမှ (၁၂:၀၀) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါသည်။