နိုင်ငံတကာ အစည်းအဝေး

နေပြည်တော်၊ သြဂုတ်လ (၆)

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် အင်ဒိုနီးရှား နိုင်ငံ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (Corruption Eradication Commission-KPK)   ဒုတိယဥက္ကဋ္ဌ Mr. Laode Muhammad Syarif နှင့်အဖွဲ့အား ယနေ့နံနက် ၁၀:၀၀ နာရီက နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ကော်မရှင်အဖွဲ့ဝင် ဦးမျိုးမြင့် ဦးဆောင်သော ဥပဒေရေးရာ လုပ်ငန်းကော်မတီဝင်များသည် UNODC မှ Anti-Corruption and Law Enforcement Expert Mr. Raghavan Kuppuswamy အား ၁၃-၇-၂၀၁၈ ရက် နေ့ (၁၀:၀၀) နာရီ မှ (၁၂:၁၀) နာရီထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်းခန်းမ ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင် သော အဖွဲ့သည် UNDP မှ Chief Technical Advisor Mr.Christophoros Politis ဦးဆောင်သောအဖွဲ့ အား၁၇-၇-၂၀၁၈ရက်နေ့(၁၄:၀၀)နာရီမှ(၁၅:၃၀)နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ၌ လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။