နိုင်ငံတကာ အစည်းအဝေး

၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဖိလစ်ပိုင်နိုင်ငံ Metro Manila ရှိ Quezon City၌ ကျင်းပပြုလုပ်ခဲ့သည့် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (South East Asia Parties Against Corruption –SEA-PAC)၏ (၁၄) ကြိမ်မြောက် ရုံးအဖွဲ့အစည်း အဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော် နှင့် ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့တက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သော အဖွဲ့အား ဂျာမနီနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mrs. Dorothee Janetzke.Wenzel ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ၆-၈-၂၀၁၈ ရက်နေ့(၁၄:၀၀)နာရီမှ (၁၄:၃၀) နာရီထိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် မြန်မာ နိုင်ငံဆိုင်ရာကိုရီးယားသမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Lee Sang-hwa ဦးဆောင်သော အဖွဲ့အား ၂၃-၈-၂၀၁၈ ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ (၁၀:၁၅)နာရီ ထိ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည် Westminster Foundation for Democracy (WFD) မှ အထက်တန်း အကြံပေး ပုဂ္ဂိုလ် Mr. Franklin De Vrieze နှင့် အဖွဲ့အား ၂၄-၈-၂၀၁၈ ရက်နေ့ (၁၀:၀၀) နာရီမှ (၁၀:၄၅)နာရီထိ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ တွေ့ဆုံဆွေးနွေးခန်းတွင် လက်ခံတွေ့ဆုံခဲ့ပါသည်။