နိုင်ငံတကာ အစည်းအဝေး

သြစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း အကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးအဖွဲ့ (UNCAC Implementation Review Group) နဝမအကြိမ် အစည်းအဝေး၏ ဆက်လက် ကျင်းပသော ပထမ အစည်းအဝေးနှင့် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့သည့် အစိုးရအဆင့် အဂတိ လိုက်စားမှု ကာကွယ်တားဆီးရေးလုပ်ငန်းအဖွဲ့ (Open-ended Intergovernmental Working Group on the Prevention of Corruption) ၏ နဝမအကြိမ် အစည်း အဝေးများသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုးနှင့် ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဝင်းတို့ တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ဗီယက်နမ်နိုင်ငံ  အစိုးရစစ်ဆေးရေး ဌာန ( Government Inspectorate of Vietnam –GIV)  တို့အကြားလက်မှတ်ရေးထိုးထားသည့် နားလည်မှု စာလွှာ(MOU) ပါ နှစ်နိုင်ငံ အဆင့်မြင့်ပုဂ္ဂိုလ်များ အပြန်အလှန်တရားဝင် အလုပ် သဘော ခရီးအစီအစဉ် အရ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှကော်မရှင် အတွင်းရေးမှူးဦးစန်းဝင်း ဦးဆောင် ၍ ကော်မရှင်အဖွဲ့ဝင် ဦးစိုးတင့်၊ ကော်မရှင်အဖွဲ့ ဦးဟန်ညွန့်နှင့် ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထက်တို့ ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လုပ်ငန်းအတွေ့အကြုံများဖလှယ်ရန်နှင့် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးတက်စေရန်အတွက် ၂၇-၈-၂၀၁၈ ရက်နေ့မှ ၃၁-၈-၂၀၁၈ ရက်နေ့အထိ အလုပ်သဘောခရီး သွားရောက်ခဲ့ပါသည်။

၂၀၁၈ခုနှစ်၊ သြဂုတ်လ ၂၃ရက်နေ့မှ ၂၄ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပ ပြုလုပ်ခဲ့သည့် အာဆီယံဒေသတွင်း မျှတသောစီးပွားရေးဝန်းကျင်တစ်ရပ် မြင့်မားတိုးတက်ရေး စီမံကိန်း (Regional Project on Promoting a Fair Business Environment in ASEAN) ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ခေါင်းဆောင်၍ အဖွဲ့ဝင်(၂)ဦးအဖြစ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခိုင်ခိုင်အောင်နှင့်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးစိန်ထွန်းလင်း တို့ တက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်သော အဖွဲ့သည် Andaman Capital Partners မှ Managing Director Mr. Kevin Murphy ဦးဆောင်သော အဖွဲ့အား ၁၆-၈-၂၀၁၈ ရက်နေ့ (၁၆:၀၀) နာရီမှ (၁၆:၅၅) နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်း ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။