နိုင်ငံတကာ အစည်းအဝေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် UNODC တို့ ပူးပေါင်း၍ ၂၅-၄-၂၀၁၈ ရက်နေ့မှ ၂၆-၄-၂၀၁၈ ရက်နေ့ထိ နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်နှင့် တာဝန်ရှိသူများ နှင့် UNODC မှ Country Manager Mr. Troels Vester ဦးဆောင်သောအဖွဲ့တို့ တက်ရောက်ခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သော အဖွဲ့သည် UNODC မှအကြံပေးပုဂ္ဂိုလ် Mr. K. Raghavan ဦးဆောင်သောအဖွဲ့အား ၂၅-၄-၂၀၁၈ ရက်နေ့ ၁၅:၀၀ နာရီမှ ၁၆:၃၀ နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ စုပေါင်း ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပါသည်။

မူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာကုလသမဂ္ဂရုံး (UNODC) ၏ နည်းပညာအကူအညီဖြင့် Computer Forensics and Digital Evidence အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲချိန်တွင် Kempinski ဟိုတယ်၌ ကျင်းပရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌဦးအောင်ကြည်သည် တက်ရောက်၍ အမှာစကား ပြောကြားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဦးဆောင်သည် အဖွဲ့ သည် ICAC မှ ကော်မရှင်နာ Mr. Simon PEH Yun Lu ဦးဆောင်သော အဖွဲ့အား ၂၄-၄-၂၀၁၈ ရက်နေ့ ၀၉:၃၀ နာရီမှ ၁၁:၂၀ နာရီထိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။