နိုင်ငံတကာ အစည်းအဝေး

မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် နှင့် လာအိုနိုင်ငံအစိုးရ စုံစမ်းစစ်ဆေးရေး နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအာဏာပိုင်အဖွဲ့ (State Inspection and Anti-Corruption Authority-SIAA) တို့အကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အတွေ့အကြုံများကို အမြင် ခြင်း ဖလှယ်ဆွေးနွေးရန်အတွက် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း ဦးဆောင်၍ ကော်မရှင်အဖွဲ့ဝင် ဦးအောင်သန်းမြင့်၊ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင်တို့သည် လာအိုနိုင်ငံသို့ တရားဝင်အလုပ်သဘောခရီး သွားရောက်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ အကြီးအမှူးများ အစည်းအဝေး (14th Principals Meeting of the South East Asia Parties Against Corruption- SEA-PAC) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ခေါင်းဆောင် ၍ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး နှင့် ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင် တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့၌ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက် နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ညီလာခံ နှင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၆ ရက် နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် အဂတိလိုက်စားမှု ရှာဖွေတိုက် ဖျက်ရေး အပြည်ပြည်ဆိုင်ရာ မဟာမိတ်အဖွဲ့၏ စတုတ္တအကြိမ်မြောက်အစည်းအဝေးသို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့် ကော်မရှင်ရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမိုးနိုင်တို့ တက်ရောက်ခဲ့ပါသည်။

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ထိ ကျင်းပ ပြုလုပ်ခဲ့သည့် International Cooperation in Criminal and Financial Investigations of Corruption Crimes and Links to Money Laundering အလုပ်ရုံဆွေးနွေးပွဲ သို့ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်ခန့် ခေါင်းဆောင်သည့် ကိုယ်စားလှယ် (၆) ဦး၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ် (၁) ဦးနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ငွေကြေးဆိုင်ရာ မှုခင်းတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ကိုယ်စားလှယ် (၁) ဦး၊ စုစုပေါင်း ကိုယ်စားလှယ် (၈) ဦး တက်ရောက်ခဲ့ပါသည်။