နောက်ဆုံးရသတင်း

နေပြည်တော်၊ အောက်တိုဘာလ(၂၇)

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊အမှတ်(၃၇)၊ အင်းလျားလိတ်ဟိုတယ်ဝင်းရှိ Yangon Convention Centre ၌ မြန်မာနိုင်ငံစာရင်းကောင်စီက ဦးဆောင်၍ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်းနှင့် ဝါဏိဇ္ဇဘွဲ့ရများအသင်း (မြန်မာနိုင်ငံ)တို့ ပူးပေါင်းကျင်းပသော မြန်မာ့ကုန်သွယ်စီးပွားပွဲတော်(၂၀၁၈) ပြပွဲကို ၂၀၁၈ ခုနှစ် ၊ ဒီဇင်ဘာလ (၁)ရက်နှင့်(၂)ရက် နံနက်(၀၉:၀၀)နာရီမှစ၍ (စနေနေ့နှင့်တနင်္ဂနွေနေ့) များတွင် ကျင်းပမည်ဖြစ်ပါသည်။


ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့တွင် ၄-၆-၂၀၁၈ ရက်နေ့မှ ၇-၆-၂၀၁၈ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့သည့် (၉) ကြိမ်မြောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအကောင်အထည်ဖော်ဆောင်မှု သုံးသပ်ရေးအဖွဲ့၏ အစည်းအဝေးနှင့် (၁၂) ကြိမ်မြောက် ပိုင်ဆိုင်မှုများပြန်လည်ရယူရေးဆိုင်ရာ အစိုးရလုပ်ငန်းအဖွဲ့အစည်း အဝေးသို့မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင် နှင့်အတူ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံး (ဗီယင်နာ)မှ ဒုတိယအတွင်းဝန် ဒေါ်ဆုဝေဖိုးကျားနှင့် ဒေါ်မီမီလှိုင်းစံတို့ တက်ရောက်ခဲ့ပါသည်။

Created By : 14-May-2018 Published In: နောက်ဆုံးရသတင်း Hits: 764

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိ လိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေးအဖွဲ့ (၆) ဖွဲ့ဖြင့် ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်သော ပြန်ကြားရေးလုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဦးဟန်ညွန့် ၊ အဖွဲ့ဝင် ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင် ဒေါ်လဲ့လဲ့သွင်တို့ ဦးဆောင်၍ သတင်းစာရှင်းလင်းပွဲအား ၃၁-၃-၂၀၁၈ ရက်၊ စနေနေ့ နံနက်(၁ဝ:ဝ၀)နာရီတွင် ကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပြီး သတင်းစာရှင်းလင်းပွဲသို့ နေပြည်တော် အခြေစိုက် သတင်းမီဒီယာ(၂၈)ဌာန တက်ရောက်ခဲ့ပါသည်။