နောက်ဆုံးရသတင်း

နေပြည်တော် ဇန်နဝါရီလ(     ၂၉    )ရက်

        ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်နေ နစ်နာသူ လယ်သမားများက လယ်ထွန်ရန်အတွက် လိုအပ်သော ကျွဲ(၅)ကောင်ကို စာချုပ်စာတမ်းနှင့် ဝယ်ယူခဲ့ပြီး စက်လှေဖြင့် သယ်ဆောင်လာစဉ် လပွတ္တာမြို့နယ်၊ ကန်ဘဲ့ နယ်မြေရဲစခန်းမှ အမှုဆင် ဖမ်းဆီး တရားစွဲ၍ ငွေကြေးတောင်းခံ ခဲ့ခြင်းနှင့် တရားရုံး သက်သေခံဖြစ်သော ကျွဲများကို ရောင်းစားခဲ့သည့်အတွက် အရေးယူ ပေးပါရန် ဤကော်မရှင်သို့ တိုင်ကြား ခဲ့ပါသည်။

နေပြည်တော် ဇန်နဝါရီလ(   ၂၉    )ရက်

        ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ပက်တန်းကျေးရွာတွင် ဒေသခံ လယ်သမားများ နှစ်(၃၀)ကျော် လယ်လုပ်ငန်း လုပ်ကိုင်အသက်မွေးခဲ့ကြသည့် မပယ်ဖျက် ရသေးသော စားကျက်မြေ မြေဧက(၁၄၀)ခန့်အတွင်း လယ်သမားအိမ်ထောင်စု (၃၁)စု ထံမှ မြေဂရန်ချပေးမည်၊ ပုံစံ(၇) ထုတ်ပေးမည်ဟုဆိုကာ ငွေတောင်းခံသွားသော မြို့နယ် မြေစာရင်းဝန်ထမ်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးရှိ ဝန်ထမ်းမိသားစုများ၏ ပဉ္စမအကြိမ် ဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ၇-၁၁-၂၀၁၈ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ကော်မရှင်ရုံး စုပေါင်း ခန်းမ၌ ကျင်းပခဲ့ပါသည်။