နောက်ဆုံးရသတင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးတွင် လစ်လပ်လျက်ရှိသော ရာထူးနေရာများတွင် သတ်မှတ်အရည်အချင်း ပြည့်မီသူများ လျှောက်လွှာတင်သွင်းနိုင်ကြောင်း ဖော်ပြအပ်ပါသည်-

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)နှင့် ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့်ပြစ်မှုဆိုင်ရာရုံး(UNODC)တို့ ပူးပေါင်းကျင်းပသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit - CPU) နည်းပညာဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲအမှတ်စဉ်(၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ရှိ PARK ROYAL HOTEL တွင် ယနေ့နံနက် (၀၉:၀၀)နာရီ၌ ကျင်းပသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းနှင့်အဖွဲ့သည် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များရယူနေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။