နောက်ဆုံးရသတင်း

၁။         အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်း(၁၈)ခုရှိ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များနှင့် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၇ ရက် နေ့အထိ နည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ်(၁/၂၀၁၉)ကိုလည်းကောင်း၊ ၂၀၁၉ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ နည်းပညာဆိုင်ရာသင်တန်း အမှတ်စဉ်(၂/၂၀၁၉)ကိုလည်းကောင်း၊ ၂၀၁၉ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် ICT နည်းပညာကို အခြေခံရေးဆွဲထားသည့် အဂတိ လိုက်စားမှုတားဆီးကာကွယ်ရေး ဆိုင်ရာ Proactive Beneficiary Engagement ( PBE) Web Applicationကို CPU Toolkit အဖြစ် အသုံးပြုနိုင်ရေးသင်တန်းကိုလည်းကောင်း ဖွင့်လှစ်ဆောင်ရွက် ခဲ့ပြီးဖြစ်ပါသည်။

၂။            ၎င်းသင်တန်းများမှ ဆွေးနွေးမှုရလဒ်ဖြစ်သည့် CPU အဖွဲ့များ၏ ရှေ့လုပ်ငန်းစဉ်(၆)ရပ် အား ပြည်သူများမှ လေ့လာဖတ်ရှုနိုင်ရန် ကော်မရှင်အဖွဲ့ဝင် ဦးဟန်ညွန့်ရေးသားသည့် "CPU များ အတွက် အာဂျင်ဒါ ()ချက်" ဆောင်းပါးအား ဖော်ပြအပ်ပါသည်။

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ရုံးအနေဖြင့် ၂၉-၇-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ကော်မရှင်ရုံး၌ လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ ရာထူးနေရာများအတွက် အလုပ်လျှောက်လွှာများ ခေါ်ယူခဲ့ပါသည်-

(က)   ဒုတိယစုံစမ်းရေးမှူး                       ၁၉၈၀၀ဝိ-၂၀၀ဝိ-၂၀၈၀၀ဝိ               (၂၅) နေရာ

(ခ) လက်ထောက်စုံစမ်းရေးမှူး                 ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ               (၃၀) နေရာ

(ဂ)   ဒုတိယလက်ထောက်ဦးစီးမှူး            ၁၈၀၀၀ဝိ-၂၀၀ဝိ-၁၉၀၀၀ဝိ                (၈၀) နေရာ

​နေပြည်တော်၊ (၇-၈-၂၀၁၉)

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiative - MEITI)၏ စတုတ္ထအကြိမ်  အစီရင်ခံစာ(၂၀၁၆-၂၀၁၇)ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၇-၈-၂၀၁၉ ရက်နေ့ ၊ နံနက် (၀၉: ၃၀) နာရီ၌ ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညိှနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊  သက်ဆိုင်ရာပြည်ထောင်စု အစိုးရဌာန/ အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ​​

နေပြည်တော်၊ ဇူလိုင် ၂၉ ရက်

**************************

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ "ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေးပညာပေးအစီအစဉ်" (အခြေခံပညာအလယ်တန်းအဆင့်) ဆရာကိုင်စာအုပ်များအား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀)နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၁) စုဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။