နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးခိုင်ထွန်းနှင့်အဖွဲ့သည် ရာထူးတာဝန်ကိုအလွဲသုံးစားပြု၍ ဝန်ဆောင်ခနှင့် တရားမဝင်သော အခြားအကျိုးခံစားခွင့်များရယူနေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ရက္ကန်းသည်မကျေးရွာ အုပ်ချုပ်ရေးမှူးသည် ကျေးရွာပိုင် ကွင်းအမှတ်(၁၉)(ခ)ကွင်း သောင်နုမြေများကို လယ်သမား(၇)ဦးအား စုစုပေါင်း ငွေကျပ် ၄၄၀၀၀၀ဝိ/- ဖြင့် ရောင်းချခဲ့ခြင်း၊ ၂၀၁၈ ခုနှစ် မိုးရာသီတွင် ပျက်စီးဆုံးရှုံးခဲ့သော လယ်မြေ ၁၇၂၆ ဧကအတွက် နိုင်ငံတော်မှ တစ်ဧကလျှင် ငွေကျပ် ၈၅၀ဝိ/-နှုန်းဖြင့် ထောက်ပံ့ ကူညီငွေများမှ တစ်ဧကလျှင် ၁၀၀ဝိ/-နှုန်းဖြင့် လယ်သမား (၁၃)ဦးထံမှ စုစုပေါင်း ငွေကျပ် ၁၄၅၀၀ဝိ/- တောင်းခံခဲ့ခြင်းတို့အား စစ်ဆေးအရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ပါသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး ရေးသားထားသည့် “Fighting Corruption: A New Perspective” ဆောင်းပါးအား လေ့လာဖတ်ရှုနိုင်ပါရန် ဖော်ပြအပ်ပါသည်-

အလွတ်သဘောစေတနာဖြင့် အကြံပေးရေးအဖွဲ့၏ အမည်စာရင်းအား ဖော်ပြအပ်ပါသည်-