နောက်ဆုံးရသတင်း

၂၈-၁၂-၂၀၁၇ ရက်နေ့ နေ့လည် (၁:၀၀) နာရီအချိန်၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥပ​ဒေပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း လုပ်ငန်းများကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အဖွဲ့ဝင် ဥပ​ဒေရေးရာ လုပ်ငန်းကော်မတီ အဖွဲ့ခေါင်းဆောင် ဉီးမျိုးမြင့်၏ ရုံးခန်းတွင်  ညှိနှိုင်းဆွေးနွေးကြသည်။ အဆိုပါဆွေးနွေးပွဲသို့ အဖွဲ့ဝင်များဖြစ်သော ဉီးအောင်သန်းမြင့်နှင့် ဉီးခင်မောင်မြင့်တို့လည်း တက်ရောက်ခဲ့ပါသည်။

"နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့အစည်း၏စစ်တမ်းအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ကျော်ရှိသည့်အနက် အကျင့်ပျက်ချစားမှု၊ အဂတိလိုက်စားမှု အနည်းဆုံးနိုင်ငံကို စံထား၍ အဆင့်သတ်မှတ်ရာ၌ နံပါတ် (၁)တွင် ဒိန်းမတ်၊ (၂)တွင် နယူးဇီလန်၊ (၃)တွင် ဖင်လန်၊ (၄)တွင် ဆွီဒင်၊ (၅)တွင် နော်ဝေတို့ဖြစ်၍ မြန်မာနိုင်ငံသည် အဆင့် (၁၄၇)တွင် ရပ်တည်နေကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့သည် အဂတိလိုက်စားမှု အများဆုံးဖြစ်ကြောင်း သိရသည်" ဟု ၂၆.၃.၂၀၁၇ ရက်နေ့ (တနင်္ဂနွေနေ့) ထုတ် Daily Eleven ဂျာနယ်၏ စာမျက်နှာ (၂)တွင် ဖော်ပြထားပါသည်။

၂၀၁၆ ခုနှစ်အတွက် မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှုနှင့်ပတ်သက်သည့် အညွှန်းကိန်းမှာ  ကမ္ဘာ့နိုင်ငံပေါင်း ၁၇၆ နိုင်ငံတွင် ရမှတ် ၂၈ မှတ်ဖြင့် အဆင့် ၁၃၆ ရရှိခဲ့သည်။