နောက်ဆုံးရသတင်း

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကျင့်ဝတ် စာအုပ်အား အောက်ဖော်ပြပါ Link မှတစ်ဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေး ပညာပေးအစီအစဉ် (အခြေခံပညာ အလယ်တန်းအဆင့်) ဆရာကိုင်စာအုပ်အား အောက်ဖော်ပြပါ Link မှတစ်ဆင့် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

​နေပြည်တော်၊ (၇-၈-၂၀၁၉)

မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်သည့်လုပ်ငန်းများ ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (Myanmar Extractive Industries Transparency Initiative - MEITI)၏ စတုတ္ထအကြိမ်  အစီရင်ခံစာ(၂၀၁၆-၂၀၁၇)ပါ အကြောင်းအရာများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ၇-၈-၂၀၁၉ ရက်နေ့ ၊ နံနက် (၀၉: ၃၀) နာရီ၌ ကော်မရှင်ရုံး၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဌာနများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ EITI ညိှနှိုင်းရေးမှူးရုံးမှ တာဝန်ရှိသူများ၊  သက်ဆိုင်ရာပြည်ထောင်စု အစိုးရဌာန/ အဖွဲ့အစည်းများမှတာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊  စုစုပေါင်း(၅၀)ဦး တက်ရောက်ခဲ့ကြပါသည်။ ​​

နေပြည်တော်၊ ဩဂုတ်လ ၁ ရက်

*********************************

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ကမ္ဘာ့ဘဏ်၏နည်းပညာအကူအညီဖြင့်  အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ Proactive Beneficiary Engagement (PBE) ယန္တရားအား CPU Toolkit  အဖြစ် အသုံးပြုနည်းသင်တန်းကို နေပြည်တော်ရှိ Kempinski Hotel တွင် ယနေ့နံနက် (၀၉:ဝဝ) နာရီ၌ ကျင်းပခဲ့သည်။