အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဉက္ကဋ္ဌ ဉီးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

Published In: နောက်ဆုံးရသတင်း Created Date: 2019-10-31 Hits: 204

နေပြည်တော် အောက်တိုဘာလ ၃၁ ရက်

-------------------------------------------

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ကော်မရှင်ဉက္ကဋ္ဌ ဉီးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး H.E. Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့ နေ့လည် ၁၂:၃၀ နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင် အဟန့်အတားဖြစ်စေသည့် လာဘ်ပေးလာဘ်ယူ မှုများ ဖြေရှင်းနိုင်ရေးဆောင်ရွက်မှု၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက် နေသည့် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်များ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့(CPU)များ ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

 

တွေ့ဆုံပွဲသို့ ကော်မရှင်ဉက္ကဋ္ဌနှင့်အတူ ကော်မရှင်အဖွဲ့ဝင် ဉီးဇော်ဝင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags