အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် UNDP မှ ဌာနေကိုယ်စားလှယ် Mr. Peter Batchelor အား လက်ခံတွေ့ဆုံခြင်း

Published In: နောက်ဆုံးရသတင်း Created Date: 2019-10-03 Hits: 61

နေပြည်တော်၊ အောက်တိုဘာ ၃

--------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP မှ   ဌာနေကိုယ်စားလှယ် Mr. Peter Batchelor အား ယနေ့ နေ့လည် (၁၂:၀၀) နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။

Mr. Peter Batchelor သည် မြန်မာနိုင်ငံတွင် တာဝန်ပြီးဆုံး၍ နယူးယောက်သို့ ပြောင်းရွှေ့ တာဝန် ထမ်းဆောင်ခြင်းမပြုမီ ကော်မရှင်ဥက္ကဋ္ဌအား လာရောက် နှုတ်ဆက်ခြင်းဖြစ်ပြီး၊ ကော်မရှင်နှင့် UNDP တို့အကြား ပူးပေါင်းဆောင်ရွက်ခဲ့သည့် လုပ်ငန်းများအပေါ် တိုးတက်မှု အခြေအနေများ၊ သုတေသနလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ၊ ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းနှင့် ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းတို့ တက်ရောက်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags