အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Mr.John Nielsen နှင့် အဖွဲ့အား လက်ခံတွေ့ဆုံခြင်း

Published In: လက်ခံတွေ့ဆုံမှု Created Date: 2019-09-18 Hits: 31

နေပြည်တော်၊ စက်တင်ဘာ ၁၈

          အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး H.E Mr.John Nielsen နှင့် အဖွဲ့အား ယနေ့ နေ့လည်(၁:၃၀)နာရီတွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ဆောင်ရွက်လျက်ရှိသော စစ်တမ်း ကောက်ယူမှုများတွင် အကူအညီပေးရေးကိစ္စရပ်များ၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေး အစီအစဉ် ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနများတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့(CPU) ဖွဲ့စည်းထားမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါသည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး၊ ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။

Same In Category

Related Blogs By Tags