အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. John Nielsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Published In: လက်ခံတွေ့ဆုံမှု Created Date: 2019-03-05 Hits: 128

နေပြည်တော်၊ မတ်လ (၅)

--------------------------

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်သည် ရန်ကုန်မြို့၊ ဒိန်းမတ်နိုင်ငံ သံရုံးမှ သံအမတ်ကြီး Mr. John Nielsen နှင့်အဖွဲ့အား ယနေ့ နံနက် (၈:၃၀) နာရီ အချိန်တွင် နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကော်မရှင်၏ လက်ရှိဆောင်ရွက်နေသော အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် ၂၀၁၉ ခုနှစ်အတွင်း လုပ်ငန်းစီမံချက်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ဗဟိုအဖွဲ့အစည်း များတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit) ဖွဲ့စည်းဆောင်ရွက်နေမှုများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နည်းပညာ အကူအညီပေးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။

တွေ့ဆုံပွဲသို့ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နှင့်အတူ အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါ်မြတ်မြတ်စိုးနှင့် ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူးချုပ် ဦးထင်ကျော်တို့ တက်ရောက်ခဲ့ကြသည်။

Same In Category

Related Blogs By Tags