အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေးဌာနမှ ဒုတိယအကြီးအကဲ H.E. Mr.Dang Cong Huan ဦးဆောင်သောအဖွဲ့တို့ နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် တွေ့ဆုံ

Published In: လက်ခံတွေ့ဆုံမှု Created Date: 2018-10-17 Hits: 96

နေပြည်တော်၊ အောက်တိုဘာလ (၁၇)

မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း ဦးဆောင်သောအဖွဲ့နှင့် ဗီယက်နမ်နိုင်ငံ၊ အစိုးရစစ်ဆေးရေးဌာနမှ ဒုတိယအကြီးအကဲ H.E. Mr.Dang Cong Huan ဦးဆောင်သောအဖွဲ့တို့ နေပြည်တော်ရှိ မြတ်တော်ဝင်ဟိုတယ်တွင် ယနေ့နံနက် (၁၁:ဝ၀)နာရီအချိန်၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအတွက် မူဝါဒရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။

တွေ့ဆုံစဉ် ကော်မရှင် အတွင်းရေးမှူးက မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နှင့် ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာနတို့အကြား နှစ်နိုင်ငံနားလည်မှုစာချွန်လွှာအရ နှစ်ဖက်အဖွဲ့အစည်းများအကြား အလုပ်သဘောလေ့လာရေးခရီး အပြန်အလှန်လာရောက် လည်ပတ်ခြင်းဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် စုံစမ်းစစ်ဆေးရေး လုပ်ငန်းစဉ်တွင် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် လုပ်ငန်းများကို အပြန်အလှန်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က ကော်မရှင်မှဆောင်ရွက်လျက်ရှိသော Public Awareness နှင့် Complaint Mechanism တို့နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေးဌာနမှ ဒုတိယအကြီးအကဲ H.E. Mr.Dang Cong Huan က ဗီယက်နမ်နိုင်ငံ အစိုးရစစ်ဆေးရေး ဌာန၏ လုပ်ဆောင်ချက်များ ကြီးကြပ်ရေး၊ စစ်ဆေးရေးနှင့် အရေးယူခြင်းတို့ကို ဆောင်ရွက်နေမှုများ၊ အဂတိလိုက်စားမှုများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် GIV အနေဖြင့် ၎င်းတို့၏ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေအား လိုအပ်သည့် အချက်အလက်များကို ပြင်ဆင်ဖြည့်စွက်ရန်အတွက် လွှတ်တော်၌ တင်ပြဆောင်ရွက်ရန် စီစဉ်လျက်ရှိနေ၍ နှစ်ဖက်အဖွဲ့အစည်းများမှ တိုင်ကြားစာများနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့် လုပ်ငန်းစဉ် ယန္တရား (Complaint Mechanism) နှင့် ပြည်သူလူထု အသိပညာပေးရေး ( Public Awareness ) တို့နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မရှင် အတွင်းရေးမှူး ဦးစန်းဝင်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပါသည်။

Same In Category

Related Blogs By Tags