- (၁၄) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏အကြီးအမှူးများ အစည်းအဝေး

Published In: နိုင်ငံတကာ အစည်းအဝေး Created Date: 2018-10-29 Hits: 183

စင်ကာပူနိုင်ငံ၌ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၄) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ အကြီးအမှူးများ အစည်းအဝေး (14th Principals Meeting of the South East Asia Parties Against Corruption- SEA-PAC) သို့ မြန်မာနိုင်ငံအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည် ခေါင်းဆောင် ၍ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြတ်မြတ်စိုး နှင့် ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးလင်းဝေအောင် တို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးသို့ အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (SEA-PAC) ၏ အဖွဲ့ဝင် နိုင်ငံများဖြစ်ကြသော ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဗျူရို(ACB)၊ ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ (ACU) ၊ အင်ဒိုနီးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (KPK) ၊ လာအိုနိုင်ငံ အစိုးရစစ်ဆေးရေးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အာဏာပိုင်အဖွဲ့ (SIAA)၊ မလေးရှားနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (ACC) ၊ ဖိလစ်ပိုင်နိုင်ငံ အစိုးရဌာနများအပေါ် တိုင်ကြားချက်များ စုံစမ်းစစ်ဆေးရေးအရာရှိရုံး (OMB) ၊ စင်ကာပူနိုင်ငံ အဂတိလိုက်စားမှု အလေ့အကျင့် များ စုံစမ်းရေးဗျူရို (CPIB) ၊ ထိုင်းနိုင်ငံ အဂတိဆန့်ကျင်ရေး အမျိုးသားကော်မရှင် (NACC) နှင့် ဗီယက်နမ်နိုင်ငံ အစိုးရစုံစမ်းစစ်ဆေးရေးဌာန (GIV) မှ အကြီးအကဲများနှင့် ကိုယ်စားလှယ်များ စုစုပေါင်း (၃၃) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် (၁၄) ကြိမ်မြောက် အရှေ့တောင်အာရှ အဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့၏ အကြီးအမှူးများ အစည်းအဝေးသို့ တက်ရောက်ခဲ့ခြင်းဖြင့် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ပိုမို ခင်မင်ရင်းနှီးစွာ ဆက်ဆံနိုင်ခြင်း၊ မိမိတို့ထက် အတွေ့အကြုံရင့်ကျက်သည့် အခြားအဖွဲ့ဝင်နိုင်ငံများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို သိရှိရခြင်း၊ အရှေ့တောင်အာရှ အဂတိလိုက်စားမှုအဖွဲ့၏ Action Plan (2017-2019) နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်ချက်များကို အခြားအဖွဲ့ဝင်နိုင်ငံများသို့ အသိပေးတင်ပြနိုင်ခြင်း၊ မိမိတို့ မြန်မာနိုင်ငံတွင်အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာ (၄) နှစ် စီမံကိန်းများ ချမှတ်၍ ဆောင်ရွက်လျက်ရှိသည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေး ခြင်းနှင့် တရားစွဲဆိုခြင်းတို့ကို ထိရောက်ခိုင်မာစေရန် အခြေခံကောင်းများ တည်ဆောက်ခြင်း၊ လူထု အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်ပိုင် ဘဏ္ဍာ ရန်ပုံငွေနှင့် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းများ နှင့် နိုင်ငံသားများ၏ အခွင့်အရေး၊ အကျိုးစီးပွားများကို ထိရောက်စွာ အကာအကွယ်ပေးခြင်း တို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို အစည်းအဝေး သို့ တင်ပြနိုင်ခဲ့ပါသည်။

Same In Category

Related Blogs By Tags